ရတ်ချ်ဘူရီရှိ ကာရာအိုကေဆိုင်၌ အသက် ၁၅ နှစ်အောက် ကလေးများအား လိင်ကုန်ကူးမှုဖြင့် အမျိုးသမီး ၃ ဦးအား ရဲတပ်ဖွဲ့ ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ရတ်ချ်ဘူရီ (Ratchaburi) ခရိုင်၊ ဖိုးထာရမ် (Photharam) မြို့နယ်ရှိ ကာရာအိုကေဆိုင်တစ်ဆိုင်တွင် အသက် ၁၅ နှစ်အောက် ကလေးသူငယ်များအား ဆွဲဆောင်စည်းရုံး၍ လိင်ကုန်ကူးမှု ပြုလုပ်နေကြောင်း သတင်းအရ လူကုန်ကူးမှု နှိမ်နင်းရေး ရဲတပ်ဖွဲ့ (HSTD) က ယနေ့ စက်တင်ဘာ ၁၄ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ပြီး ပါဝင်ပတ်သက်သူ အမျိုးသမီး ၃ ဦးအား ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်ဗျာ။

သာချွန်ဖွန် (Tha Chumphon) ရပ်ကွက်ရှိ ကာရာအိုကေဆိုင်၌ အသက် ၂၆ နှစ်၊ ၃၈ နှစ်နှင့် အခြားအမျိုးသမီးတစ်ဦး (စုစုပေါင်း ၃ ဦး) တို့ကို ရတ်ချ်ဘူရီ ခရိုင်တရားရုံး၏ ဝရမ်းဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကာရာအိုကေဆိုင်သည် အသက် ၁၅ နှစ်အောက် မိန်းကလေးငယ်များအား အရက်ဝိုင်းဧည့်ခံသူ (Hostess) အဖြစ် လုပ်ကိုင်စေပြီး၊ တစ်ကြိမ်လျှင် ဘတ် ၁,၀၀၀ မှ ၁,၂၀၀ နှုန်းဖြင့် လိင်ဝန်ဆောင်မှု ပေးရန် ဆွဲဆောင်ခိုင်းခဲ့သည်။

ဆိုင်ပိုင်ရှင်၊ မန်နေဂျာနှင့် ဝန်ထမ်းများသည် ကြားပွဲစားအဖြစ် ဆောင်ရွက်ပေးကာ မိန်းကလေးများ ရရှိသည့် ဝန်ဆောင်ခထဲမှ တစ်ကြိမ်လျှင် ဘတ် ၂၀၀ စီ ပွဲခအဖြစ် ဖြတ်တောက် ရယူခဲ့ကြသည်။

ရဲတပ်ဖွဲ့သည် အဆိုပါနေရာတွင် အလုပ်လုပ်ကိုင်ခဲ့ဖူးသည့် အသက် ၁၈ နှစ်အောက် အခြားကျူးလွန်ခံရသူ မိန်းကလေးငယ်တစ်ဦးကိုပါ စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး၊ လူကုန်ကူးခံရသူများ ကာကွယ်စောင့်ရှောက်ရေး စည်းမျဉ်းများနှင့်အညီ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးနှင့် ကူညီစောင့်ရှောက်မှုများ ပေးအပ်နိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများထံ အကြောင်းကြားထားသည်။

လက်ရှိတွင် ဖမ်းဆီးရမိသူ အမျိုးသမီး ၃ ဦးအား အသက် ၁၅ နှစ်အောက် ကလေးသူငယ်များအား လိင်ကုန်ကူးမှု၊ ပြည့်တန်ဆာလုပ်ငန်းတွင် ပါဝင်ပတ်သက်စေမှုနှင့် ကလေးသူငယ် အခွင့်အရေး ချိုးဖောက်မှု အပါအဝင် ပုဒ်မများစွာဖြင့် လူကုန်ကူးမှု နှိမ်နင်းရေး ရဲတပ်ဖွဲ့ ဌာနခွဲ ၅ သို့ ပို့ဆောင်ကာ ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်လျက် ရှိပါသည်။

Source;Khaosod