ဘူရီရမ်၌ တူမဖြစ်သူ၏ ခွေးအား ဝဲစွဲ၍ အနံ့နံသည်ဟုဆိုကာ ပေါက်ပြားဖြင့် ထုသတ်သူ ဦးလေးဖြစ်သူအား ရဲတပ်ဖွဲ့ ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ဘူရီရမ် (Buriram) ခရိုင်တွင် အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦးသည် တူမဖြစ်သူ မွေးမြူထားသည့် အိမ်မွေးခွေးအား ပေါက်ပြားဖြင့် အိပ်ပျော်နေစဉ် ရိုက်သတ်ခဲ့မှုကြောင့် စက်တင်ဘာ ၁၃ ရက် မနေ့က ရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရကြောင်း သိရပါတယ်ဗျာ။

တူမဖြစ်သူ မဝသီရာဖွန် (Wathiraporn, ၃၄ နှစ်) သည် ၎င်းငယ်စဉ်ကတည်းက ချစ်ခင်စွာ မွေးမြူလာသည့် ဆိုက်ဘေးရီးယန်း ဟက်စကီး (Siberian Husky) နှင့် ဘန်ကဲဝ် (Bangkaew) ကပြား ခွေးမွေး ပထမအကြိမ် ယာဉ်တိုက်မှုဖြစ်ပြီးနောက် ခြေတစ်ဖက် ပြတ်သွားသဖြင့် မိသားစုအိမ်သို့ ပို့ဆောင်ကာ စရိတ်ပေး၍ စောင့်ရှောက်ခိုင်းထားခြင်းဖြစ်သည်။

အိပ်စက်သည့်နေရာ၌ သွေးကွက်များ တွေ့ရှိရသဖြင့် CCTV ပြန်စစ်ရာ ဦးလေးဖြစ်သူ မစ္စတာ ပရီချာ (Preecha, ၅၇ နှစ်) က အိပ်ပျော်နေသော ခွေး၏ ခေါင်းအား ပေါက်ပြားဖြင့် ၂ ကြိမ်တိုင်တိုင် ရက်စက်စွာ ထုရိုက်သတ်ဖြတ်နေပုံကို တွေ့ရှိခဲ့ရသည်။

တရားခံ ပရီချာက အဆိုပါ ခွေးတွင် ဝဲရောဂါ (Mange) စွဲကပ်နေပြီး အခြားခွေးများကို ကူးစက်နိုင်သဖြင့်လည်းကောင်း၊ အိမ်ရှေ့တွင် အိပ်လေ့ရှိပြီး အနံ့အသက် ဆိုးရွားသဖြင့်လည်းကောင်း ဒေါသထွက်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

စစ်ဆေးမေးမြန်းစဉ် တရားခံက ပတ်ဝန်းကျင်ရှိ အခြားခွေးများကိုလည်း သတ်ဖြတ်မည်ဟု ရိမ်းထောက်ပြောဆိုခဲ့ပြီး၊ မူးယစ်ဆေးဝါး ရာဇဝင်ရှိသူဖြစ်၍ စစ်ဆေးရာ ယာဘ (Yaba) မြင်းဆေး/စိတ်ကြွဆေး သုံးစွဲထားကြောင်း ဝန်ခံခဲ့သည်။

လက်ရှိတွင် ရဲတပ်ဖွဲ့က တရားခံအား တိုင်ကြားသူမပါဘဲ ပိုင်နက်ကျူးလွန်မှု၊ တိရစ္ဆာန် ရက်စက်စွာ ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှု နှင့် မူးယစ်ဆေးဝါး သုံးစွဲမှု ပုဒ်မများစွာဖြင့် ထိန်းသိမ်းကာ ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်လျက်ရှိသည်။

Source;Thaiger