ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့ (BMA) သည် မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့် မြို့နယ်များမှ ကယ်ဆယ်ရရှိထားသော ခွေးနှင့် ကြောင် ၂၃ ကောင်အား ပရာဝက် (Prawet) ရှိ တိရစ္ဆာန် ထိန်းသိမ်းရေးစခန်းသို့ သယ်ဆောင်၍ ယာယီ ခိုလှုံခွင့်နှင့် ဆေးဝါး ကုသမှုများ ပေးအပ်လျက်ရှိကြောင်း သိရပါတယ်။
စက်တင်ဘာ ၂၉ ရက်တွင် BMA တိရစ္ဆာန်ကျန်းမာရေး ဦးစီးဌာနသည် ခန်နယောင်း (Khan Na Yao)၊ ဘန်းကပိ (Bang Kapi) နှင့် ပရာဝက် (Prawet) မြို့နယ်များမှ ရေဘေးသင့် တိရစ္ဆာန်များကို ၆ ဘီးတပ် မော်တော်ယာဉ်ဖြင့် သယ်ဆောင်ခဲ့ခြင်းဖြစ်သည်။
စခန်းသို့ ရောက်ရှိလာသည့် တိရစ္ဆာန်များကို ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပေးပြီး လိုအပ်သည့် မွေးမြူရေးဆိုင်ရာ ပြုစုကုသမှုများနှင့် ပြန်လည်ထူထောင်ရေးများ ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါ လုပ်ငန်းများအတွက် တိရစ္ဆာန် စောင့်ရှောက်ရေး အဖွဲ့အစည်းများနှင့် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနတို့က ပူးပေါင်း ကူညီပေးနေသည်။
ဘေးအန္တရာယ် ကျရောက်သော ဧရိယာအဖြစ် တရားဝင် ထုတ်ပြန်ထားသည့် မြို့နယ်များမှ အိမ်မွေးတိရစ္ဆာန်များ (ပိုင်ရှင်ရှိသူများ) သို့မဟုတ် ပိုင်ရှင်မဲ့သော်လည်း မကင်းရာမကင်းကြောင်း စောင့်ရှောက်သူ အတည်ပြုပေးနိုင်သည့် တိရစ္ဆာန်များကို လက်ခံပေးမည်ဖြစ်သည်။
ပိုင်ရှင်များအနေဖြင့် ယာယီစောင့်ရှောက်ရေး လျှောက်လွှာဖြည့်စွက်ရမည်ဖြစ်ပြီး မှတ်ပုံတင်မိတ္တူ တင်ပြရမည်။ သီးသန့် အစာ သို့မဟုတ် ပုံမှန်သောက်ရမည့် ဆေးဝါးများရှိပါက တစ်ပါတည်း ယူဆောင်လာပေးရမည်ဖြစ်သည်။
ရေဘေး အခြေအနေ ပြန်လည်ကောင်းမွန်လာပါက ပိုင်ရှင်များက ကိုယ်ရေးအချက်အလက် အတည်ပြု၍ ပြန်လည်ထုတ်ယူနိုင်မည်ဖြစ်ပြီး ခွေးနှင့် ကြောင်များကို မိုက်ခရိုချစ်ပ် (Microchip) တပ်ဆင်ကာ တရားဝင် မှတ်ပုံတင်ပြီးမှသာ ပြန်လည် ထုတ်ပေးမည်ဖြစ်သည်။
ရေဘေးကြောင့် အိမ်မွေးတိရစ္ဆာန်များ အရေးပေါ် အကူအညီ လိုအပ်ပါက သက်ဆိုင်ရာ မြို့နယ်ရုံးများ သို့မဟုတ် ပရာဝက် ခွေးထိန်းသိမ်းရေးစခန်း ဖုန်း 02-328-7460၊ BMA ဟော့လိုင်း 1555 သို့မဟုတ် Traffy Fondue အက်ပ်မှတစ်ဆင့် ဆက်သွယ် ဆောင်ရွက်နိုင်ပါတယ်။
တောင်းဆိုထားသည်။
Source;Thaiger
