ထိုင်းနိုင်ငံ အရှေ့ပိုင်း ခရိုင်များတွင် ရေထုထည် ကုဗမီတာ ၁.၇ ဘီလီယံ ကျန်ရှိနေသေးပြီး၊ သဘာဝ ရေဆင်းလမ်းကြောင်း ပိတ်ဆို့မှုများနှင့် ပင်လယ်ရေတက်ချိန်များနှင့် ကြုံတွေ့နေရသဖြင့် ခရိုင် ၃ ခုမှ ဒေသခံများသည် နောက်ထပ် ၁ လခန့်အထိ ရေကြီးရေလျှံမှု ဒဏ်ကို ဆက်လက် ရင်ဆိုင်ရနိုင်ကြောင်း အမျိုးသား ရေအရင်းအမြစ်ရုံး (ONWR) နှင့် ရာသီဥတုဆိုင်ရာ ကျွမ်းကျင်သူများက သတိပေးလိုက်ပါတယ်။
ရေထုထည် ၁.၇ ဘီလီယံကို ဘန်ပါကောင်းမြစ် (Bang Pakong River) တစ်ခုတည်းမှတစ်ဆင့် ပင်လယ်ကွေ့သို့ စွန့်ထုတ်ပါက ရေကျချိန်၌ တစ်ရက်လျှင် ကုဗမီတာ သန်း ၁၀၀ ကျော်အထိ ထုတ်လွှတ်နိုင်သော်လည်း၊ အောက်တိုဘာလအတွင်း ပင်လယ်ရေ တစ်နေ့ ၂ ကြိမ် တက်သဖြင့် သဘာဝအတိုင်း ရေဆင်းနှုန်း လွန်စွာ နှေးကွေးနေသည်။
ဘန်ကောက်နှင့် ဆမွတ်ပရာကန် (Samut Prakan) နယ်နိမိတ်အနီးရှိ ရေအောက်တားတမံကဲ့သို့ ဖြစ်နေသည့် ရေအောက် ကုန်းမြင့်ကြောင့် ရေစီးဆင်းမှု စေတနာမဲ့ နှေးကွေးနေပြီး၊ ရေစုတ်စက်များဖြင့် ယင်းကုန်းမြင့်ကျော်လွန်အောင် စုတ်ထုတ်ပြီးမှသာ ပင်လယ်ကမ်းခြေ ရေစုတ်စခန်းများသို့ ရောက်ရှိနိုင်မည်ဖြစ်သည်။
ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကျွမ်းကျင်သူ ပါမောက္ခ ဒေါက်တာ ဆေရီ (Assoc Prof Seree Supratid) က ဘန်ပါကောင်းမြစ်တစ်ခုတည်းကို အားကိုးခြင်းထက် ချိုင်ယာနူချစ် (Chaiyanuchit) နှင့် ဆမ်ရောင် (Samrong) မြောင်းများမှတစ်ဆင့် ကမ်းခြေရှိ ရေစုတ်စခန်းများ (တစ်ရက်လျှင် ကုဗမီတာ ၆၅ သန်း စုတ်ထုတ်နိုင်စွမ်းရှိ) သို့ လွှဲပြောင်းစုတ်ထုတ်သင့်ကြောင်း အကြံပြုထားသည်။
ခရိုင်အလိုက် ရေကျနိုင်မည့် ကာလ:
-နခွန်နာယို့ (Nakhon Nayok): မြေပြင် အနိမ့်အမြင့် စွာသောကြောင့် အခြားနေရာများထက် ရေမြန်မြန် ကျနိုင်သည်။
-ပရာချင်ဘူရီ (Prachin Buri): ရေအဆင့် တဖြည်းဖြည်းချင်း လျော့ကျမည်ဖြစ်သည်။
-ချာချိုအင်ဆာအို (Chachoengsao): ဘန်နမ်ပရီယို (Bang Nam Priao) မြို့နယ်ရှိ အချို့ဧရိယာများသည် ရေကျရန် နောက်ထပ် ၁၀ ရက်မှ ရက် ၂၀ အထိ ကြာမြင့်နိုင်သည်။
အရှေ့ပိုင်းဒေသတစ်ခုလုံး ရေပုံမှန်ပြန်ဖြစ်ရန် စုစုပေါင်း ရက်ပေါင်း ၃၀ ခန့် ကြာမြင့်နိုင်ကြောင်း ONWR ဒုတိယ အထွေထွေ အတွင်းရေးမှူး ပိုင်သူးနင်း (Paitoon Kengkarnchang) က ခန့်မှန်းထားသည်။
ချာချိုအင်ဆာအို ခရိုင်အုပ်ချုပ်ရေးမှူးက ဘန်ကောက်၊ ဆမွတ်ပရာကန်နှင့် ချာချိုအင်ဆာအို ခရိုင် ၃ ခုအကြား ရေစုတ်စက်များ၊ စက်ကိရိယာများကို စနစ်တကျ ညှိနှိုင်းအသုံးပြု၍ ကျောက်ဖယားမြစ်နှင့် ကမ်းရိုးတန်း ရေမြောင်းလမ်းကြောင်း နှစ်ခုလုံးမှတစ်ဆင့် ပင်လယ်အတွင်းသို့ အမြန်ဆုံး ရေထုတ်လွှတ်သွားရန် တိုက်တွန်းထားပါသည်။
Source;ThaiPBS
