အစိုးရ ထောက်ပံ့ကြေး ကြန့်ကြာနေသဖြင့် ဘန်းကောက် ရေဘေးသင့် ပြည်သူများ တရားမဝင် ငွေတိုးချေးစားသူများထံ ဦးလှည့်နေရ

ဘန်ကောက်မြို့ရှိ ရေဘေးသင့် ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အစိုးရ၏ ရေဘေးကူညီထောက်ပံ့ရေး အစီအစဉ်များ ကြန့်ကြာနေခြင်းနှင့် ငွေထုတ်ယူရန် စည်းကမ်းချက်များ တင်းကျပ်လွန်းခြင်းတို့ကြောင့် လုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ရန် တရားမဝင် ငွေတိုးချေးစားသူများ (Loan Sharks) ထံ အားကိုးနေရသဖြင့် အစိုးရအနေဖြင့် အကူအညီများကို အမြန်ဆုံးနှင့် လွယ်ကူစွာ ထုတ်ပေးရန် အတိုက်အခံ ဒီမိုကရက်ပါတီ (Democrat Party) က တောင်းဆိုလိုက်ပါတယ်။

ဒီမိုကရက်ပါတီ ဒုတိယခေါင်းဆောင် ကွန်ချာတီကာဗနစ် (Korn Chatikavanij) က လူဦးရေ ၁၀,၀၀၀ ကျော် နေထိုင်သည့် ကလောင်ချန် အိမ်ရာဝန်းသို့ သွားရောက်စစ်ဆေးခဲ့ရာ စက်တင်ဘာ ၂၆ ရက်မှစ၍ တစ်ပတ်မက ရေ ၁.၅ မီတာကျော် မြင့်တက်ခဲ့မှုကြောင့် အိမ်ရာအတွင်းရှိ ဆိုင်ပေါင်း ၄၀၀ ကျော် လုံးပါးပါးခဲ့ရကြောင်း ပြောကြားခဲ့သည်။

ဆိုင်ခန်းသုံး ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ရေခဲသေတ္တာများနှင့် ကုန်ပစ္စည်းများ ပျက်စီးခဲ့ရသည့်အပြင် အဓိက ဆုံးရှုံးမှုမှာ ပစ္စည်းဥစ္စာထက် လုပ်ကိုင်စားသောက်နိုင်သည့် စွမ်းရည် (Ability to earn a living) ပျောက်ဆုံးသွားခြင်း ဖြစ်သည်။

အစိုးရစုဆောင်းရေးဘဏ် (GSB) က အရေးပေါ်ချေးငွေများ ထုတ်ပေးမည်ဟု ကြေညာထားသော်လည်း ဘဏ်စာရင်း မှတ်တမ်းများ၊ စီးပွားရေး မှတ်ပုံတင်နှင့် ခရက်ဒစ်ဗျူရို ကန့်သတ်ချက်များကြောင့် အမှန်တကယ် လိုအပ်နေသည့် ကုန်သည်များမှာ ငွေထုတ်ယူနိုင်ခြင်း မရှိကြပေ။

ဒီမိုကရက်ပါတီ၏ အရေးပေါ် အဆိုပြုချက် ၄ ချက်:

1.ရေဘေးသင့် ဧရိယာများ၌ ကူညီထောက်ပံ့ရေး စာရင်းသွင်းစခန်းများ အမြန်ဆုံး ဖွင့်လှစ်ပေးရန်။

2.အမျိုးသား အိမ်ရာအာဏာပိုင်အဖွဲ့က ကောက်ခံသည့် ဆိုင်ခန်းငှားရမ်းခများကို အနည်းဆုံး ၂ ပတ်စာ ကင်းလွတ်ခွင့်ပြုရန်။

3.အာမခံကော်မရှင်ရုံး (OIC) အနေဖြင့် အာမခံလျော်ကြေးများ အမြန်ဆုံး ထုတ်ပေးနိုင်ရေး အာမခံကုမ္ပဏီများကို ကြပ်မတ်ရန်။

4.GSB ဘဏ်မှ ရေဘေးသင့် လုပ်ငန်းရှင်တစ်ဦးလျှင် အရေးပေါ်ချေးငွေ ဘတ် ၂၀၀,၀၀၀ အထိ တိုးမြှင့်ထုတ်ပေးရန်၊ ပထမ ၆ လ အတိုးကင်းလွတ်ခွင့်ပြုပြီးနောက် အတိုးနှုန်းကို တစ်နှစ်လျှင် ရ ရာခိုင်နှုန်းထက် မပိုစေဘဲ ဆပ်ကမ်းကာလ အနည်းဆုံး ၂ နှစ် သတ်မှတ်ပေးရန် တောင်းဆိုထားသည်။

Source;Bangkok Post