နွန်သဘူရီရှိ အဆင့်မြင့်ဟိုတယ်အား CIB ဝင်ရောက်စီးနင်း၊မြန်မာနိုင်ငံသား ၃ ဦး အပါအဝင် ဖမ်းဆီး

နွန်သဘူရီ၊ ဇူလိုင် ၂၇ (၂၀၂၆) ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) နှင့် ရာဇဝတ်မှုနှိမ်နင်းရေးဌာနတို့ ပူးပေါင်း၍ “Dragon Nest” စစ်ဆင်ရေးအဖြစ် နွန်သဘူရီပြည်နယ်ရှိ အဆင့်မြင့်ဟိုတယ်တစ်ခုကို ဝင်ရောက်စီးနင်းခဲ့ရာ တရုတ်ခရီးသွားများကို သီးသန့်ဝန်ဆောင်မှုပေးနေသည့် တရားမဝင် ကာစီနို၊ မူးယစ်ဆေးပါတီနှင့် လိင်ဖျော်ဖြေရေး ကွန်ရက်တစ်ခုကို ထိန်းသိမ်းဖြိုခွဲနိုင်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ စီးနင်းမှုအတွင်း မူးယစ်ဆေးဝါး ရောင်းချသူ တရုတ်အမျိုးသားတစ်ဦး အပါအဝင် တရားမဝင် ဝင်ရောက်နေထိုင်သည့် မြန်မာနိုင်ငံသား ၃ ဦး ကိုပါ ဖမ်းဆီးရမိခဲ့သည်။
နွန်သဘူရီ၊ မောင်းမြို့နယ်၊ ငန်းဝုန်းဝမ်လမ်းပေါ်ရှိ အဆင့်မြင့်ဟိုတယ်တစ်ခုသည် သာမန်ဧည့်သည်များကို လက်မခံဘဲ တရုတ်နိုင်ငံသားများသာ နေ့မနက် ညမအား ဝင်ထွက်သွားလာနေကြောင်း ပြည်သူများ၏ တိုင်ကြားချက်အရ စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။
Grey Chinese Capital Group က ဟိုတယ်တစ်ခုလုံးကို ငှားရမ်း၍ လုံခြုံရေးအပြည့်ဖြင့် ဒုစရိုက်စခန်းအဖြစ် ဖန်တီးထားခဲ့သည်။ အထပ် ၂ မှ ၆ အထိကို တည်းခိုခန်းအဖြစ် သုံးပြီး အထပ် ၇ နှင့် ၈ တို့ကို မူးယစ်ဆေးပါတီ ပြုလုပ်ရန်၊ ကာစီနိုလောင်းကစားရုံနှင့် လိင်ဖျော်ဖြေရေး ဝန်ဆောင်မှုများ ပေးရန် ပြင်ဆင်ထားခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်က တရားရုံးဝရမ်းဖြင့် ဝင်ရောက်စီးနင်းခဲ့ရာ ဟိုတယ်အတွင်း လူ ၄၀ ကျော်နှင့်အတူ ကက်တမင်း (Ketamine)၊ Happy Water မူးယစ်ဆေးများ၊ လောင်းကစားဒင်္ဂါး (Chips) များ၊ ဖဲထုတ်များ၊ အန်စာတုံးများ၊ မီးပူစက်များနှင့် ငွေသားများကို သိမ်းဆည်းရမိခဲ့သည်။
ကက်တမင်း မူးယစ်ဆေးဝါး ရောင်းချမှုဖြင့် ဖမ်းဆီးခံရပြီး ၎င်းကမူ ဆေးဝါးများကို မှာယူသူထံ ပို့ဆောင်ပေးသည့် ဝန်ထမ်းတစ်ဦးသာဖြစ်ကြောင်း ငြင်းဆိုထားသည်။
ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်မှု၊ အလုပ်လုပ်ကိုင်မှုတို့ဖြင့် ဖမ်းဆီးခံရပြီး တရားမဝင် ဝင်ရောက်လာကြောင်း ဝန်ခံထားသည်။ဖမ်းဆီးရမိသူများနှင့် သက်သေပစ္စည်းအားလုံးကို ဥပဒေအရ အရေးယူနိုင်ရန် ရတနာထိဘတ် (Rattanathibet) ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ထားသည်။

Source;The Nation