ကမ္ဘာကျော် အနုပညာပြိုင်ပွဲကြီးဖြစ်သည့် America’s Got Talent 2026 တွင် ပထမဆု ချန်ပီယံဖြစ်ခဲ့သည့် ဖူးခက်ခရိုင်မှ အသက်ငယ်ရွယ်သူ အနုပညာရှင်မလေး Rattikarn Amloy (ခ) Nene Royal နှင့် မိသားစုအား ထိုင်းဘုရင် မဟာဝဇိရာလင်္ကရဏနှင့် သုဓိဒါ မိဖုရားတို့က ဒူးဆစ်နန်းတော် (Dusit Palace) ၌ အောက်တိုဘာ ၉ ရက်နေ့က အထူးလက်ခံတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
ဖူးခက်ခရိုင် အုပ်ချုပ်ရေးမှူး ချို့သီနာရင် (Chotinarin Kerdsom) က ဦးဆောင်၍ America’s Got Talent 2026 ချန်ပီယံ မနီနီ (Nene) နှင့် မိသားစုအား အမ်ဖွန် ဆာသန် စံအိမ်တော် (Amphorn Sathan Residence) သို့ ခေါ်ဆောင်ကာ မွန်းလွဲ ၅:၀၉ နာရီတွင် ထိုင်းဘုရင်နှင့် မိဖုရားတို့ထံ ဂါရဝပြု ဝင်ရောက်ဖူးမြော်ခဲ့ကြသည်။
မနီနီသည် America’s Got Talent 2026 ပြိုင်ပွဲတွင် ချန်ပီယံဆု ရရှိခဲ့ကြောင်း အတည်ပြုပေးထားသည့် အောင်ပွဲခံ သက်သေခံလက်မှတ် (Certificate) အား ထိုင်းဘုရင်မင်းမြတ်ထံ ရိုသေစွာ ဆက်သခဲ့သည်။
ထိုင်းဘုရင်မင်းမြတ်က အဆိုပါ အောင်ပွဲခံ လက်မှတ်အား မနီနီ၏ မိသားစုနှင့် နောင်လာနောက်သား မျိုးဆက်များအတွက် အထူးဂုဏ်ယူဖွယ် အမှတ်တရ သင်္ကေတအဖြစ် မနီနီထံသို့ ပြန်လည် ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
Source;Thaiger
