ပထုံဌာနီ ဆုန်နှင့် ရာဇ်စစ်တူးမြောင်းများတွင် ငါးများသေဆုံး၊ ရေကိုအသုံးမပြုရန်နှင့် ငါးမစားရန် သတိပေး

ထိုင်းနိုင်ငံ၊ ပထုံဌာနီ (Pathum Thani) ခရိုင်ရှိ ဆုန် (Song) နှင့် ရာဇ်စစ် (Rangsit) တူးမြောင်းများတွင် ငါးများ အလုံးအရုံး သေဆုံးကာ ရေပြင်ပေါ်တွင် ပေါ်လာပြီး မွှန်ထူသည့် အနံ့ဆိုးများ ထွက်ပေါ်နေသဖြင့် အဆိုပါ တူးမြောင်းများအတွင်းမှ ငါးများကို မစားသုံးကြရန်နှင့် ရေကို တိုက်ရိုက်ထိတွေ့ အသုံးမပြုကြရန် ပတ်ဝန်းကျင်ညစ်ညမ်းမှု ထိန်းချုပ်ရေးဦးစီးဌာန (PCD) က အရေးပေါ် သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

Prueksa 44 အိမ်ယာအနီး တူးမြောင်းနေရာ ၅ ခုမှ ရေနမူနာများကို ရယူစစ်ဆေးခဲ့ရာ ရေ၏ pH တန်ဖိုးမှာ 7.17 ရှိပြီး၊ အရေးပါသော ပျော်ဝင်အောက်ဆီဂျင် (DO) ပမာဏမှာ သုည (0 mg/L) အထိ ကျဆင်းနေကြောင်း တွေ့ရှိရသည်။ ဤကဲ့သို့ အောက်ဆီဂျင် လုံးဝ မရှိတော့ခြင်းကြောင့် ငါးများ အစုလိုက်အပြုံလိုက် သေဆုံးရခြင်းဖြစ်ကြောင်း သိရသည်။

ရေနမူနာ ၄ ခုကို စစ်ဆေးရာတွင် pH တန်ဖိုး 6.97 မှ 7.02 ကြားရှိပြီး၊ ပျော်ဝင်အောက်ဆီဂျင် (DO) ပမာဏမှာ 1.41 မှ 2.61 mg/L ကြားတွင် ရှိနေသည်။

ရေထဲရှိ အော်ဂဲနစ် ပစ္စည်းများ၊ ဘတ်တီးရီးယားများ၊ အမိုးနီးယား၊ အာဟာရဓာတ်များနှင့် လေးလံသော သတ္တု (Heavy metals) ၈ မျိုး ပါဝင်မှုကို ဆက်လက် စစ်ဆေးလျက်ရှိပြီး၊ လက်ရှိ စစ်ဆေးတွေ့ရှိချက်များအရ အဆိပ်အတောက်ဖြစ်စေသည့် အာဆင်းနစ် (Arsenic) ဓာတ် တစ်စုံတစ်ရာ တွေ့ရှိရခြင်း မရှိသေးကြောင်း PCD ညွှန်ကြားရေးမှူးချုပ် Surin Worakijthamrong က ပြောကြားခဲ့သည်။

Source;ThaiPBS