TikTok တွင်တွေ့သည် အမျိုးသမီးနှင့် အပြင်မှာ ချိန်းတွေ့ရာမှ ဘတ် ၄ သိန်းတန် ရွှေဆွဲကြိုး ခိုးယူခံရသည့် ထိုင်းအမျိုးသား

ထိုင်းနိုင်ငံ၊ Chachoengsaoပြည်နယ်တွင် အသက် ၄၃ နှစ်အရွယ် အိမ်ထောင်သည်အမျိုးသားတစ်ဦးသည် TikTok မှ သိကျွမ်းသည့် အမျိုးသမီးတစ်ဦးနှင့် အပန်းဖြေစခန်းတွင် ချိန်းတွေ့စဉ် ဘတ် ၄ သိန်းနီးပါး တန်ဖိုးရှိ ရွှေဆွဲကြိုးနှင့် ဘုရားဆင်းတုတော် ခိုးယူခံရပါတယ်။

အမျိုးသားက ရွှေဆွဲကြိုးကို ချွတ်၍ ဘောင်းဘီအိတ်ထဲထည့်ကာ ရေချိုးခန်းဝင်သွားစဉ် ၅ မိနစ်အတွင်း အမျိုးသမီးက ခိုးယူကာ ကားဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့သည်။ ထို့ကြောင့် အမျိုးသားမှာ ဇနီးဖြစ်သူကို အဖြစ်မှန် ဝန်ခံခဲ့ရသည်။

အမျိုးသားက ကိုယ်တိုင်စုံစမ်းကာ တရားခံကို ဖမ်းမိခဲ့သည်။ အမျိုးသမီးက ရွှေကိုရောင်းချပြီး လောင်းကစားလုပ်ခြင်းနှင့် သူမ၏ လင်ယောက်ျားအတွက် ဖုန်းအသစ်ဝယ်ပေးခြင်းတို့တွင် အသုံးပြုခဲ့ကြောင်း ဝန်ခံသည်။

တရားခံကို ရဲစခန်းသို့ အပ်နှံခဲ့သော်လည်း ရဲတပ်ဖွဲ့က စစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်ခြင်း၊ ရွှေဆိုင်ကလည်း ရွှေကို အရည်ကျိုလိုက်ပြီဟု ပြောဆိုခြင်းတို့ကြောင့် နစ်နာသူက အမှုပွင့်လင်းမြင်သာမှုရှိရန် မီဒီယာများထံ တောင်းဆိုလာခြင်းဖြစ်သည်။

Source;Thaiger