မဟာဆာရာခမ်ခရိုင်၊ ကန်သာရာဝီချိုင်းမြို့နယ်တွင် အောက်တိုဘာ ၁၆ ရက် (သောကြာနေ့) ညပိုင်းက တရားမဝင် အချစ်ရေး အငြင်းပွားမှုများနှင့် ပတ်သက်၍ ထိုင်းအမျိုးသားတစ်ဦးက ဇနီးဖြစ်သူအား သတ်ဖြတ်ခဲ့ပြီး အိမ်နီးချင်းများကိုပါ ပုဆိန်ဖြင့် ခုတ်ထစ် တိုက်ခိုက်ခဲ့ရာ လူ ၃ ဦး သေဆုံးသွားခဲ့ပါတယ်။
ကောဝ်ယာရဲစခန်းမှ တာဝန်ရှိသူများသည် ကျေးရွာအတွင်း လူနေလမ်းမပေါ်တွင် ပြင်းထန်သော ဒဏ်ရာများဖြင့် လဲကျနေသူ ၃ ဦးကို တွေ့ရှိခဲ့ရပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ အသက် ၅၂ နှစ်အရွယ် Jomsri၊ အသက် ၄၈ နှစ်အရွယ် Supaporn နှင့် အသက် ၄၅ နှစ်အရွယ် Suraset တို့ ဒဏ်ရာရရှိခဲ့ကြသည်။ နောက်ပိုင်းတွင် ဆေးရုံ၌ Jomsri နှင့် Supaporn တို့ နှစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာဖြင့် သေဆုံးသွားခဲ့သည်။
ရဲတပ်ဖွဲ့က နေအိမ်အတွင်း ဝင်ရောက်စစ်ဆေးစဉ် တရားခံ ခမ်ဖုန်း (Khampong) က ၎င်း၏ အဘိုးအို ကိုယ်တိုင် အဆုံးစီရင်ရန် ကြိုးပမ်းနေမှုကို တားဆီးခဲ့ရသည်။ စစ်ဆေးချက်အရ ခမ်ဖုန်းသည် အိပ်ခန်းအတွင်း အသက် ၅၁ နှစ်အရွယ် ဇနီးဖြစ်သူ အာမာရာ (Amara) ကို အိတ်ကြိုးဖြင့် ရစ်ပတ် သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး ဆေးရုံတင်ပို့စဥ် သေဆုံးသွားခဲ့သည်။
ကျေးရွာအုပ်ချုပ်ရေးမှူး၏ ပြောကြားချက်အရ တရားခံ ခမ်ဖုန်းသည် အိမ်နီးချင်း၏ သမီးဖြစ်သူနှင့် တရားမဝင် ဆက်ဆံရေး ရှိခဲ့ပြီး ကလေးငယ်တစ်ဦးပင် ရရှိထားခဲ့သည်။ အိမ်နီးချင်းဘက်က ဆန့်ကျင်ခဲ့ကြပြီး ခမ်ဖုန်း၏ ဇနီးကလည်း ကွာရှင်းရန် တောင်းဆိုခဲ့သော်လည်း ခမ်ဖုန်းက မကွာရှင်းလိုဘဲ ငြင်းဆန်ခဲ့ခြင်းကြောင့် မိသားစုနှစ်စုအကြား အချင်းများမှုများ မကြာခဏ ဖြစ်ပွားခဲ့ရာမှ ယခုကဲ့သို့ အလွန်အမင်း အကြမ်းဖက်မှု အဖြစ်သို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့က တရားခံ ခမ်ဖုန်းကို လူသေဆုံးစေမှုဖြင့် အမှုဖွင့်ထားပြီး ဆက်လက် စုံစမ်းစစ်ဆေးလျက် ရှိပါတယ်။
Source;Thaiger
