ချင်းမိုင်မြို့တွင် အစားအစာနှင့် ပစ္စည်းပို့ဆောင်ရေး (App-based) ယာဉ်မောင်းအချို့သည် လူသွားလမ်းပေါ်တွင် မော်တော်ဆိုင်ကယ်များ ပိတ်ဆို့ရပ်နားခြင်းနှင့် ညဉ့်နက်ပိုင်း ဆူညံသံများ ဖြစ်ပေါ်စေခဲ့သည့်အတွက် ဒေသခံများ၏ ပြင်းထန်သော ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပါတယ်။
Grab မောင်းနှင်သူများ၏ ဖေ့ဘုတ်ခ်အုပ်စုတွင် ယာဉ်မောင်းအချို့က လမ်းဘေးနှင့် လူသွားလမ်း (Pavement) ပေါ်၌ ဆိုင်ကယ်များ စုဝေးရပ်နားထားသည့် ဓာတ်ပုံ ပျံ့နှံ့လာခဲ့သည်။ ယာဉ်မောင်းတစ်ဦးက “ငါတို့ စုဝေးနေတာပါ၊ ဘာလို့ စိတ်ညစ်နေကြတာလဲ” ဟု ရေးသားခဲ့သဖြင့် အများပြည်သူ သွားလာမှုကို အနှောင့်အယှက်ဖြစ်စေသည်ဟု ဝေဖန်ခံခဲ့ရသည်။
ယာဉ်မောင်းအချို့သည် ညဉ့်နက်ပိုင်း လူနေရပ်ကွက်များအနီးတွင် ဆိုင်ကယ်စက်သံ ပြင်းထန်စွာ ဆူညံအောင် ပြုလုပ်ခြင်း၊ အမှိုက်စွန့်ပစ်ခြင်းများနှင့် ဆေးလိပ်သောက်ခြင်းများ ပြုလုပ်ကြသည်ဟု ဒေသခံများက တိုင်ကြားထားကြသည်။
ယခုကဲ့သို့ စည်းကမ်းမဲ့ အပြုအမူများသည် ချင်းမိုင်မြို့၏ ခရီးသွား ပုံရိပ်ကို ထိခိုက်စေနိုင်သဖြင့် ချန်ဖူရက် (Chang Phueak) ရဲစခန်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် Nimman Soi 7 ကဲ့သို့သော နေရာများကို စစ်ဆေးကာ ယာဉ်စည်းကမ်း ချိုးဖောက်သူများကို စုံစမ်းအရေးယူပေးရန် ဒေသခံများက တောင်းဆိုထားကြပါတယ်။
Source;Thaiger
