ဘန်ကောက်တွင် ဘတ် ၂၆၀ တန် ပင်စိမ်းကြက်သားထမင်း ဝေဖန်သူအား ဘတ် ၁ သန်းဖြင့် တရားစွဲ

ဘန်ကောက်မြို့ရှိ ဆေးရုံ အစားအသောက်ရုံတွင် ပင်စိမ်းကြက်သားထမင်းကြော်တစ်ပွဲလျှင် ဘတ် ၂၆၀ ကျသင့်ကြောင်း ရုပ်သံရိုက်ကူး၍ ဝေဖန်ခဲ့သည့် အမျိုးသားတစ်ဦးအား ဆိုင်ရှင်က ဘတ် ၁ သန်း လျော်ကြေးတောင်းကာ တရားစွဲဆိုလိုက်သည့်အတွက် အွန်လိုင်းပေါ်တွင် အငြင်းပွားဖွယ်ရာ ဖြစ်ပေါ်နေပါတယ်။

အဆိုပါ အမျိုးသားသည် ဘတ် ၂၆၀ တန် ပင်စိမ်းကြက်သားထမင်းကြော် ပန်းကန်ကို ဗီဒီယိုရိုက်ကူး ဝေဖန်ခဲ့ရာ မှတ်ချက်ပေါင်း ၈,၀၀၀ ကျော် ရရှိခဲ့ပြီးနောက်၊ ဆိုင်ရှင်ဘက်က နစ်နာကြေး ဘတ် ၁ သန်း တောင်းခံသည့် တရားရုံးစာ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ဇနီးဖြစ်သူပါ ပူးတွဲ တရားစွဲခံခဲ့ရသည်။

ရှေ့နေ Monchai Chongkairattanakul က ပြည်သူများတွင် ရိုးသားစွာ စိစစ်ဝေဖန်ပိုင်ခွင့် (Good Faith) ရှိပြီး မဟုတ်မမှန် သတင်းများ မပါဝင်ပါက ကွန်ပျူတာ ပြစ်မှုဆိုင်ရာဥပဒေကို ချိုးဖောက်ရာ မရောက်ကြောင်း ပြောကြားခဲ့သည်။ သို့သော် အသရေဖျက်မှု မြောက်မမြောက်ကိုမူ အသေးစိတ် စစ်ဆေးရမည်ဖြစ်ပြီး၊ အွန်လိုင်းတွင် ဝေဖန်ရာ၌ အချက်အလက် အမှန်ပေါ်တွင်သာ အခြေခံကြရန် သတိပေးထားပါတယ်။

Source;Khaosod