မြူခိုးနှင့် တောမီးပြဿနာ ဖြေရှင်းရန် ထိုင်း၊ လာအိုနှင့် မြန်မာတို့ ပူးပေါင်း၍ လေထုစောင့်ကြည့်စနစ် စတင်

မဲခေါင်ဒေသတွင်း နှစ်စဉ် ရင်ဆိုင်နေရသော ရာသီအလိုက် မြူခိုးမီးခိုးနှင့် တောမီးလောင်ကျွမ်းမှု ပြဿနာများကို ပူးပေါင်းဖြေရှင်းရန်အတွက် ထိုင်း၊ လာအိုနှင့် မြန်မာ ၃ နိုင်ငံတို့သည် မီးဘေးအန္တရာယ် မြေပုံရေးဆွဲခြင်းနှင့် လေထုညစ်ညမ်းမှုကို တိုက်ရိုက် စောင့်ကြည့်မည့် “CLEAR Sky Strategy (၂၀၂၄-၂၀၃၀)” အစီအစဉ်ကို တရားဝင် စတင်လိုက်ပါတယ်။

CLEAR ဆိုသည်မှာ Continued Commitment (ဆက်လက်ကတိပြုမှု)၊ Leveraging Mechanisms (ယန္တရားများကို အသုံးချမှု)၊ Experience Sharing (အတွေ့အကြုံ မျှဝေမှု)၊ Air Quality Network (လေထုအရည်အသွေး ကွန်ရက်) နှင့် Response (တုံ့ပြန်ဆောင်ရွက်မှု) စသည့် ဦးစားပေး ၅ ချက်ဖြင့် အကောင်အထည်ဖော်ခြင်း ဖြစ်သည်။

သီးနှံရိုးပြတ်များ မီးရှို့ခြင်းကို လျှော့ချရန် နည်းပညာများ မျှဝေပေးမည်ဖြစ်ပြီး မီးလောင်မှုအများဆုံး နေရာများ (Hotspots) ကို လျှော့ချရန် ဥပဒေစိုးမိုးရေးနှင့် ငြှိမ်းသတ်ရေးအဖွဲ့များ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။

၃ နိုင်ငံ ပူးပေါင်း၍ မီးဘေးအန္တရာယ်ပြမြေပုံ (Fire-risk map) ရေးဆွဲမည်ဖြစ်ပြီး PM2.5 တိုင်းတာချက်များကို Real-time သိရှိနိုင်မည့် စနစ်တစ်ခုကို သုံးစွဲမည်ဖြစ်သည်။ ထို့အပြင် မြူခိုးများကြောင့် ကျန်းမာရေးနှင့် စီးပွားရေး ထိခိုက်မှုများကို လေ့လာဆန်းစစ်ကာ ပြည်သူ့ထံ အချိန်မီ သတိပေးချက်များ ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။

အဆိုပါ စီမံကိန်းကို ၃ နိုင်ငံ ပူးတွဲလုပ်ငန်းအဖွဲ့က အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ် အစည်းအဝေးထိုင်ကာ ကြီးကြပ်သွားမည်ဖြစ်ပြီး၊ အာဆီယံနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများ၏ အကူအညီများကိုပါ ရယူသွားမည်ဖြစ်ပါတယ်။

Source;The Nation