မြန်မာနိုင်ငံ၏ ရှားပါးမြေဝတ္ထုကဏ္ဍတွင် အမေရိကန် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန် တွန်းအားပေးဆွေးနွေး

မြန်မာနိုင်ငံ၏ ရှားပါးမြေဝတ္ထု (Rare Earths) တူးဖော်ရေးနှင့် ထောက်ပံ့ရေးကွင်းဆက်ကဏ္ဍတွင် အမေရိကန်နိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများကို ဦးစားပေး လုပ်ဆောင်ရန် တောင်းဆိုမှုများ ရှိနေကြောင်း သတင်းရရှိပါတယ်။

ရှားပါးမြေဝတ္ထု စျေးကွက်တွင် အမေရိကန်က အပြိုင်အဆိုင် ပါဝင်လာနိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်များ အရှိန်မြှင့်လုပ်ဆောင်ရန် ဝါရှင်တန်အခြေစိုက် လော်ဘီအဖွဲ့ DCI Group က တိုက်တွန်းထားသည်။ မြန်မာဘက်ကလည်း ဤကဏ္ဍကို သံတမန်ရေးထက် မဟာဗျူဟာမြောက် အရေးပါသော သတ္တုတွင်း ဦးစားပေးကဏ္ဍတစ်ခုအနေဖြင့် ဆက်ဆံသင့်ကြောင်း တောင်းဆိုထားသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရှားပါးမြေဝတ္ထုများကို လျှပ်စစ်ကားများနှင့် အဆင့်မြင့်နည်းပညာ သံလိုက်များ ထုတ်လုပ်ရာတွင် အဓိက အသုံးပြုနေပြီး၊ အမေရိကန်ဘက်ကလည်း နိုင်ငံတော် လုံခြုံရေး ဦးစားပေးကိစ္စရပ်တစ်ခုအဖြစ် အလေးပေး ဆောင်ရွက်လျက်ရှိသည်။ သို့သော် တရုတ်နိုင်ငံသည် နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားပြီးဖြစ်ကာ ကမ္ဘာ့သံလိုက်ထုတ်လုပ်မှု၏ ၉၀% ခန့်ကို ချုပ်ကိုင်ထားသည်။

Source;Thaiger