ကမ္ဘာ့အကောင်းဆုံး ကမ်းခြေစာရင်းဝင် ထိုင်းကမ်းခြေ ၃ ခု

ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင် ထောင်ပေါင်းများစွာရဲ့ အကဲဖြတ်မှုအရ ထိုင်းနိုင်ငံရဲ့ အောက်ပါကမ်းခြေတွေက အဆင့်သတ်မှတ်ခံခဲ့ရပါတယ် –

၁။ Donald Duck Bay (အဆင့် ၁၀): ဖန်ငခရိုင်ရှိ Similan Islands (ကျွန်းအမှတ် ၈) မှာ တည်ရှိပါတယ်။ ဒစ္စနေးကာတွန်းဇာတ်ကောင် “ဒေါ်နယ်ဘဲ” ရဲ့ ခေါင်းပုံစံနဲ့တူတဲ့ ကျောက်ဆောင်ကြီးတွေကြောင့် နာမည်ကျော်ပြီး ရေငုပ်ဝါသနာရှင်တွေ အကြိုက်တွေ့တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ (ပုံမှန်အားဖြင့် နိုဝင်ဘာလမှ မေလအထိသာ ဖွင့်လှစ်ပါတယ်)။

၂။ Paradise Beach, Koh Kradan (အဆင့် ၂၃): တရန်း (Trang) ခရိုင်မှာ တည်ရှိပြီး ထိုင်းနိုင်ငံရဲ့ “အေးချမ်းသာယာဆုံး ကျွန်းကမ်းခြေ” အဖြစ် တင်စားခံထားရပါတယ်။

၃။ Freedom Beach (အဆင့် ၂၇): ဖူးခက် (Phuket) ကျွန်းရဲ့ အနောက်ဘက်ကမ်းခြေမှာ ရှိပြီး လူသူကင်းဝေးကာ ဆိတ်ငြိမ်တဲ့ သဘာဝအလှတရားတွေကြောင့် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

📌 အကဲဖြတ်သည့် စံနှုန်းများ

ဒီအဆင့်သတ်မှတ်ချက်ကို ကမ်းခြေရဲ့ ထူးခြားမှု၊ သဘာဝပတ်ဝန်းကျင် မပျက်စီးမှု၊ တောရိုင်းတိရစ္ဆာန်များရှိမှု၊ ဆူညံသံကင်းဝေးမှုနှင့် လူဦးရေ ထူထပ်မှုမရှိခြင်း စတဲ့အချက်တွေပေါ် မူတည်ပြီး ရွေးချယ်ထားတာ ဖြစ်ပါတယ်။ယခုနှစ် ကမ္ဘာ့နံပါတ် (၁) ကမ်းခြေအဖြစ် ဖိလစ်ပိုင်နိုင်ငံမှ Entalula Beach က ရရှိသွားပါတယ်။

Source; Bangkok Post