ထိုင်းနိုင်ငံ၊ ချွန်ဘူရီ (Chon Buri) ခရိုင်၊ ဘန်းလမုန်း (Bang Lamung) မြို့နယ်၌ အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းက အင်ဂျင်တစ်လုံးတပ် သီးသန့် အပေါ့စား လေယာဉ်ငယ်တစ်စင်း ပျက်ကျခဲ့ရာ ထိုင်း-ဂျာမန် ကပ္ပတိန်တစ်ဦး ဒဏ်ရာရရှိသွားခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
နံနက် ၁၁:၃၀ နာရီခန့်တွင် နောင်ပရူး (Nong Prue) ရပ်ကွက်၊ သုန်းကလွန်-တန်မန်း (Thung Klom-Tan Man) ဧရိယာရှိ မြက်ခင်းပြင်အတွင်းသို့ လေယာဉ် စတင်ပျံသန်းပြီး ၂ မိနစ်ခန့်အကြာ၌ ပျက်ကျခဲ့ခြင်းဖြစ်သည်။
အဆိုပါ လေယာဉ်၏ ထိုင်း-ဂျာမန် ကပ္ပတိန် မာတင် (Martin) ဆိုသူ ဒဏ်ရာရရှိခဲ့ပြီး နီးစပ်ရာ ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ရသည်။
အပြာနှင့် အဖြူရောင်စပ် အင်ဂျင်တစ်လုံးတပ် အပေါ့စား လေယာဉ်ငယ်ဖြစ်ပြီး၊ ပဏာမ စုံစမ်းစစ်ဆေးချက်များအရ အင်ဂျင်ချို့ယွင်းမှုကြောင့် ပျက်ကျရခြင်းဖြစ်သည်ဟု ယူဆရသော်လည်း တာဝန်ရှိသူများက ပျံသန်းမှု မှတ်တမ်းများနှင့် ပျက်ကျရသည့် အသေးစိတ် အကြောင်းအရင်းကို ဆက်လက် စုံစမ်းစစ်ဆေးလျက် ရှိပါသည်။
Source;ThaiPBS
