ဂျပန်အမျိုးသားဥယျာဉ်တွင် ပိတ်ပင်ထားသော အပင်များပေါ် လှဲအိပ်ဓာတ်ပုံရိုက်သည့် ထိုင်း Blogger ဝေဖန်ခံရသဖြင့် တောင်းပန်

ဂျပန်တွင်နေထိုင်ပြီး ‘No Plan Trip’ စာမျက်နှာကို ထောင်ထားသည့် နာမည်ကြီး ထိုင်းခရီးသွား Blogger အမျိုးသမီး ‘နတ်’ (Nat) သည် အာကီတာစီရင်စုရှိ အမျိုးသားဥယျာဉ်အတွင်း ကာရံပိတ်ပင်ထားသည့် ရှားပါးတောင်ပေါ်ပင်များပေါ် လှဲအိပ်ဗီဒီယိုရိုက်ခဲ့ခြင်းကြောင့် ဂျပန်ပြည်သူများ၏ ပြင်းထန်စွာ ရှုတ်ချမှုကို ခံခဲ့ရပါတယ်။

စည်းဝိုင်းများကိုကျော်ဖြတ်ကာ ကာကွယ်ထားသည့် သဘာဝအပင်များကို နင်းခြေလှဲအိပ်ခဲ့ခြင်းဖြစ်ပြီး၊ ဂျပန်လူမှုကွန်ရက်တွင် ပျံ့နှံ့သွားကာ အချို့က သူမကို နိုင်ငံတွင်းမှ နှင်ထုတ်ရန်အထိ တောင်းဆိုခဲ့ကြသည်။

ဝေဖန်မှုများကြောင့် ဗီဒီယိုကို ဖျက်ပစ်ခဲ့ပြီး ထိုင်း၊ ဂျပန် နှစ်ဘာသာဖြင့် အမှားကို ဝန်ခံတောင်းပန်ခဲ့သည်။

သူမသည် ယခင်က အခြားခရီးသွားများကို “စည်းကမ်းလိုက်နာရန်” ဆရာလုပ်ဝေဖန်ဖူးသူဖြစ်သဖြင့် ယခုအခါ ကိုယ်တိုင်စည်းကမ်းဖောက်ဖျက်မှုအပေါ် “ဆရာကြီးလုပ်ပြီး ကိုယ်တိုင်မလိုက်နာသူ” ဟု ထိုင်းအင်တာနက်အသုံးပြုသူများ၏ လှောင်ပြောင်ခြင်းကိုပါ ထပ်မံခံနေရသည်။

Source;Thaiger