ထိုင်းနိုင်ငံ၊ စမုတ်ပရာကန် (Samut Prakan) ပြည်နယ်၊ ဖရစမုတ်စေတီ (Phra Samut Chedi) ခရိုင်ရှိ မြစ်ဆိပ်ကမ်းတစ်ခုတွင် ဘက်ဟိုးတင်ဆောင်ထားသည့် မော်တော်ပီယာ (Floating Pontoon) နှင့် မြေတင်ရေယာဉ်တစ်စီး နစ်မြုပ်မှုဖြစ်ပွားခဲ့ရာ အလုပ်သမား ၂ ဦး ဒဏ်ရာရရှိပြီး ၁ ဦး ရေထဲသို့ ပြုတ်ကျပျောက်ဆုံးနေသဖြင့် အာဏာပိုင်များက အရေးပေါ် လိုက်လံရှာဖွေနေပါတယ်။
ဇွန်လ ၃၀ ရက် (ယနေ့) မွန်းလွဲ ၁၂:၂၂ နာရီဝန်းကျင်၊ စုခ်စာဝပ် လမ်းသွယ် ၈၄ (Soi Sookswad 84) မျက်နှာချင်းဆိုင်ရှိ “Thai Central Chemical” ကုမ္ပဏီ၏ ဆိပ်ကမ်းအနီးတွင်ဖြစ်ပွာခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ (၂ ဦး)တွင်ပထမတစ်ဦးကို ဖရပရာဒန်း ပါအိုလိုဆေးရုံ (Paolo Phra Pradaeng Hospital) သို့ ပို့ဆောင်ထားပြီး၊ ကျန်တစ်ဦးကိုလည်း ကယ်ဆယ်ရေးအဖွဲ့များက ကမ်းစပ်သို့ ဆွဲတင်ကာ ဆေးရုံသို့ အချိန်မီ ပို့ဆောင်ပေးခဲ့သည်။
ပျောက်ဆုံးသူ (၁ ဦး)မှာရေယာဉ်ပေါ်တွင် လုပ်ငန်းခွင်ဝင်နေစဉ် ရေထဲသို့ ပြုတ်ကျပျောက်ဆုံးသွားခြင်းဖြစ်ပြီး ရေငုပ်သမားများနှင့် ရေကြောင်းရဲတပ်ဖွဲ့က အပြင်းအထန် ရှာဖွေနေဆဲဖြစ်သည်။
ဆိပ်ကမ်းရှေ့ နှုန်းတူးဖော်ခြင်း လုပ်ငန်းခွင်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြေတင်ရေယာဉ် ၁ စီး လုံးဝနစ်မြုပ်သွားကာ ဘက်ဟိုး (Backhoe) မြေတူးစက် တင်ဆောင်ထားသည့် မော်တော်ပီယာဖောင် ၁ စီးမှာမူ ရေဝင်ပြီး စောင်းငဲ့နေသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Sanpetch Boonyamanee ကိုယ်တိုင် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများကို အနီးကပ်ကြီးကြပ်ပြီး ပျောက်ဆုံးနေသူကို အမြန်ဆုံးရှာဖွေရန် ရေကြောင်းဦးစီးဌာနကို ညွှန်ကြားထားသည်။
အဆိုပါဖြစ်စဉ်တွင် အန္တရာယ်ရှိသော ဂတ်စ်ပိုက်လိုင်းများ ပေါက်ကွဲမှုကြောင့် ဖြစ်သည်ဆိုသည့် ကောလာဟလ သတင်းများအပေါ် ကုမ္ပဏီဘက်က ထိုနေရာတွင် မည်သည့်ဂတ်စ်ပိုက်လိုင်းမှ မရှိကြောင်း ချက်ချင်းအမှန်ပြင်ဆင် ငြင်းဆိုထားပြီး မတော်တဆဖြစ်ရသည့် အကြောင်းရင်းကို ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးနေပါတယ်။
Source;TNN
#Mingalarnews #SamutPrakanAccident2026 #BoatSinkingThailand #ThaiNews
