တရုတ်နိုင်ငံ လျိုကျိုးမြို့တွင် အင်အား ၅.၂ အဆင့်ရှိ ငလျင်လှုပ်ခတ် – လူ ၂ ဦး သေဆုံး၊ ၁ ဦး ပျောက်ဆုံးပြီး အဆောက်အအုံများ ပြိုကျပျက်စီး

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကျွန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လျိုကျိုး (Liuzhou) မြို့တွင် အင်အား ၅.၂ အဆင့်ရှိ ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့မှုကြောင့် လူနေအိမ်နှင့် အဆောက်အအုံများစွာ ပြိုကျကာ ကနဦးသတင်းများအရ အနည်းဆုံး လူ ၂ ဦး သေဆုံး၊ ၁ ဦး ပျောက်ဆုံးပြီး ၄ ဦး ဒဏ်ရာရရှိထားကြောင်း ၂၀၂၆ ခုနှစ်၊ မေလ ၁၈ ရက် (တနင်္လာနေ့)တွင် သတင်းရရှိပါတယ်ဗျာ။

တရုတ်ငလျင်စောင့်ကြည့်ရေးဗဟိုဌာန (CENC) ၏ ထုတ်ပြန်ချက်အရ ငလျင်သည် ဒေသစံတော်ချိန် ယနေ့နံနက်အစောပိုင်း ၀၀:၂၁ နာရီတွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပါတယ်။ဗဟိုချက်နှင့် အနက်: ငလျင်ဗဟိုချက်သည် လျိုကျိုးမြို့၊ လျိုနန် (Liunan) ခရိုင်တွင်း ဖြစ်ပြီး၊ မြေအောက်အနက် ၈ ကီလိုမီတာသာရှိသော ရွှေတိမ်ငလျင် (Shallow earthquake) အမျိုးအစားဖြစ်ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှု ပိုမိုများပြားခဲ့ရခြင်း ဖြစ်ပါတယ်။နောက်ဆက်တွဲငလျင်များ: ပင်မငလျင်လှုပ်ခတ်ပြီးနောက် ပြင်းအား ၂.၂ မှ ၃.၂ အဆင့်ရှိ နောက်ဆက်တွဲငလျင် (Aftershocks) ၅ ကြိမ်ထက်မနည်း ထပ်မံလှုပ်ခတ်ခဲ့ပါတယ်။

အဆောက်အအုံများ ပြိုကျခြင်း: ပြင်းထန်သော တုန်ခါမှုကြောင့် အနည်းဆုံး လူနေအိမ် ၁၃ လုံးထက်မနည်း ပြိုကျပျက်စီးခဲ့ပြီး၊ ထိခိုက်မှုအများဆုံးဖြစ်သည့် ထိုင်ယန်ချွန်း (Taiyangchun) မြို့နယ်ရှိ ချန်ဒန်း (Changdeng) ကျေးရွာတွင် ကွန်မြူနီတီအဆောက်အအုံများစွာ ချက်ချင်းဆိုသလို အုတ်ပုံ၊ ကျောက်ပုံဘဝသို့ ရောက်ရှိသွားခဲ့ရပါတယ်။

အာဏာပိုင်များသည် ဘေးအန္တရာယ်ရှိဇုန်အတွင်းရှိ ဒေသခံပြည်သူ ၇,၀၀၀ ကျော်ကို လုံခြုံစိတ်ချရသော နေရာများသို့ အရေးပေါ်ရွှေ့ပြောင်းပေးထားပြီး ဖြစ်ပါတယ်။လက်ရှိတွင် မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့နှင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက အဆောက်အအုံအပျက်အစီးများအောက်တွင် ပိတ်မိနေသည့် ပျောက်ဆုံးသူ (၃) ဦးကို အချိန်နှင့်ပြေး၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အပြင်းအထန် လုပ်ဆောင်နေကြပါတယ်။

: ငလျင်ကြောင့် မြေပြိုမှုများ (Landslides) ဖြစ်ပွားခဲ့ပြီး လျိုကျိုးမြို့ပတ်အဝေးပြေးလမ်းမကြီးကို မြေစာများ ပိတ်ဆို့သွားခဲ့သဖြင့် ၎င်းလမ်းပိုင်းကို အလုံးစုံပိတ်ထားကာ ကားများကို လမ်းလွှဲမှ မောင်းနှင်စေလျက် ရှိပါတယ်။ကွမ်ရှီးဒေသတွင်း ငလျင်ကယ်ဆယ်ရေးရုံးနှင့် တရုတ်နိုင်ငံတော်ငလျင်ဗဟိုဌာနတို့က အရေးပေါ်တုံ့ပြန်မှုအဆင့်ကို Level 3 သို့ တိုးမြှင့်လိုက်ပြီး၊ နိုင်ငံတော်ကောင်စီနှင့် အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာနတို့က Level 4 အမျိုးသားအဆင့် အရေးပေါ်စီမံကိန်းကို ချမှတ်ကာ ကျွမ်းကျင်ပညာရှင်အဖွဲ့များကို အခင်းဖြစ်ပွားရာသို့ စေလွှတ်ထားပါတယ်။

Source; Thairath