တောင်ကိုရီးယားတွင် လူသားပုံစံတူ Robot ကို ဗုဒ္ဓဘာသာဝင်အဖြစ် ချီးမြှောက်

လာမည့် မေလ ၂၄ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဗုဒ္ဓနေ့ (Buddha’s Birthday) အထိမ်းအမှတ်အဖြစ် ယခုကဲ့သို့ Robot ကို ဘာသာရေးဆိုင်ရာ အဆောင်အယောင်များ ပေးအပ်ခဲ့ခြင်း ဖြစ်ပါတယ်။

အရပ် ၁၃၀ စင်တီမီတာ မြင့်သော ဤRobot ကို “ဂါဘီ” (Gabi) ဟု ဘွဲ့အမည် (Dharma name) ပေးအပ်ခဲ့ပါတယ်။ ၎င်းကို ရဟန်းအဖြစ်မဟုတ်ဘဲ လူဝတ်ကြောင် ဗုဒ္ဓဘာသာဝင် (Lay follower) အဖြစ်သာ သွတ်သွင်းခဲ့သော်လည်း ပွဲတော်ကာလအတွင်း “ဂုဏ်ထူးဆောင် ရဟန်း” အဖြစ် သင်္ကေတပြု သတ်မှတ်သွားမှာ ဖြစ်ပါတယ်။ 

Robot ကို သင်္ကန်းဝတ်ဆင်ပေးထားပြီး ဦးခေါင်းတွင်လည်း ရဟန်းများကဲ့သို့ ကတုံးတုံးထားသည့် ပုံစံဖြစ်စေရန် အထူးပြုလုပ်ထားသော ဦးထုပ် (Helmet) ကို ဆောင်းပေးထားပါတယ်။ လူသားများကဲ့သို့ အမွှေးတိုင်ဖြင့် သန့်စင်သည့်ဓလေ့အစား ရောဘတ်၏ လက်မောင်းတွင် ဗုဒ္ဓနေ့အထိမ်းအမှတ် စတစ်ကာ ကပ်ပေးခြင်းနှင့် လည်ပင်းတွင် စိပ်ပုတီး ၁၀၈ လုံးကို ဆွဲပေးခြင်းတို့ ပြုလုပ်ခဲ့ပါတယ်။ 

ဂျိုဂယေး သာသနာရေးအဖွဲ့သည် ရောဘတ်များအတွက် သီးသန့်ရည်ရွယ်သော “သီလ ၅ ပါး” ကိုလည်း ပြဋ္ဌာန်းခဲ့ပါတယ်။ ၎င်းတို့မှာ – * သက်ရှိများကို အန္တရာယ်မပြုရန်။ * အခြားRobot သို့မဟုတ် ပစ္စည်းများကို ပျက်စီးအောင်မလုပ်ရန်။ * လူသားများကို လှည့်ဖြားခြင်းမပြုရန်။ * ဘက်ထရီများကို လိုအပ်သည်ထက် ပို၍ အားမသွင်းရန် (Overcharge မလုပ်ရန်) တို့ ပါဝင်ပါတယ်။

Robot  “ဂါဘီ” သည် လာမည့် မေလ ၁၆ ရက် တွင် ကျင်းပမည့် ဆိုးလ်မြို့၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ကြာပန်းမီးထွန်းပွဲတော် (Lotus Lantern Festival) တွင်လည်း အခြားသော Robot များနှင့်အတူ ပါဝင်ဆင်နွှဲသွားမှာ ဖြစ်ပါတယ်။

Source;Khaosod