အရှေ့အလယ်ပိုင်းစစ်ပွဲ အဆုံးသတ်နိုင်ခြေနှင့် ကမ္ဘာ့ရေနံတင်ပို့မှုတွင် အရေးပါသည့် ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ပြန်လည်ဖွင့်လှစ်နိုင်မည့် မျှော်လင့်ချက်များကြောင့် ရေနံဈေးကွက်အတွင်း ရောင်းချမှုများ မြင့်တက်ခဲ့ခြင်း ဖြစ်ပါတယ်။
ရေနံဈေးကွက် အခြေအနေ
▪️Brent Crude မေလ (၆) ရက်ပိတ်စျေးမှာ ၁၀၁.၂၇ ဒေါ်လာ ဖြစ်ပြီး ၈.၆၀ ဒေါ်လာ (၇.၈၃%) ကျဆင်း
▪️WTI Crude မေလ (၆) ရက်ပိတ်စျေးမှာ ၉၅.၀၈ ဒေါ်လာ ဖြစ်ပြီး ၇.၁၉ ဒေါ်လာ (၇.၀၃%) ကျဆင်း
Brent ရေနံဈေးသည် နေ့လယ်ပိုင်းတွင် ဒေါ်လာ ၁၀၀ အောက်သို့ပင် ခေတ္တရောက်ရှိခဲ့ပြီး ဧပြီ ၂၂ နောက်ပိုင်း အနိမ့်ဆုံး ဖြစ်ခဲ့ပါတယ်။
🏛️ နိုင်ငံရေးနှင့် စစ်ရေး နောက်ဆုံးရအခြေအနေ
၁။ သဘောတူညီချက်နီးစပ်မှု: ပါကစ္စတန်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် အမေရိကန်နှင့် အီရန်တို့သည် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးရန် နီးစပ်နေပြီ ဖြစ်ပါတယ်။ အီရန်ဘက်မှလည်း အမေရိကန်၏ အဆိုပြုချက်ကို ပြန်လည်သုံးသပ်နေပြီး ၄၈ နာရီအတွင်း အဖြေပေးဖွယ် ရှိပါတယ်။
၂။ ရေလက်ကြား အခြေအနေ: ဟော်မုဇ် ရေလက်ကြား ပြန်လည်ပွင့်လာနိုင်ခြေ ရှိနေခြင်းက ရေနံဈေးနှုန်းကို တိုက်ရိုက်သက်ရောက်စေပါတယ်။ အမေရိကန်စစ်တပ်ကလည်း ရေလက်ကြားအတွင်း ပိတ်မိနေသည့် သင်္ဘောများ ထွက်ခွာနိုင်ရန် အီရန်တိုက်ခိုက်ရေးလှေအချို့ကို ဖျက်ဆီးကာ ကူညီပေးနေပါတယ်။
၃။ သတိပြုရန်အချက်: ရေလက်ကြား ပြန်ဖွင့်လျှင်ပင် ရေနံတင်ပို့မှု ပုံမှန်ပြန်ဖြစ်ရန် ၆ ပတ်မှ ၈ ပတ်အထိ ကြာမြင့်နိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားပါတယ်။
Source; The Nation
