၂၀၂၆ ခုနှစ် ကမ္ဘာ့အငြိမ်းစားဗဟိုချက်အညွှန်းကိန်းမှာ အာရှရဲ့ အကောင်းဆုံးနိုင်ငံအဖြစ် နံပါတ် ၁ ရရှိ

၂၀၂၆ ခုနှစ်အတွက် ထုတ်ပြန်လိုက်သည့် ကမ္ဘာ့အငြိမ်းစားအခြေချမှုအညွှန်းကိန်း (Global Retirement Index 2026) တွင် ထိုင်းနိုင်ငံသည် အာရှတိုက်၌ အကောင်းဆုံးနိုင်ငံအဖြစ် ပထမနေရာနှင့် ကမ္ဘာ့အဆင့် ၉ နေရာတို့ကို ဆွတ်ခူးရရှိခဲ့ကြောင်း အစိုးရဘက်က ဇူလိုင်လ ၁ ရက် (ယနေ့) တွင် ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်အခြေစိုက် International Living မီဒီယာက အချက် ၇ ချက်ပေါ် မူတည်၍ အကဲဖြတ်ခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံသည် စုစုပေါင်းရမှတ် ၈၀.၀ ရရှိခဲ့သည်။ ကဏ္ဍအလိုက် အားသာချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

-လူနေမှုစရိတ် : ၉၆ မှတ် အထိ ရရှိခဲ့ပြီး ကုန်ကျစရိတ်သက်သာပြီး လူနေမှုဘဝအရည်အသွေး ကောင်းမွန်ကြောင်း ပြသနေသည်။

-အခြေခံအဆောက်အအုံနှင့် အုပ်ချုပ်ရေး: ၈၄ မှတ် ရရှိပြီး ပြည်သူ့အုပ်ချုပ်ရေးနှင့် အခြေခံအဆောက်အအုံ အသင့်ရှိမှုကို ပြသသည်။

-ကျန်းမာရေးနှင့် ဗီဇာခံစားခွင့်များ: ၇၉ မှတ်စီ ရရှိကာ နိုင်ငံတကာအဆင့်မီ ဆေးဝါးကုသမှုစံနှုန်းများနှင့် အငြိမ်းစားဗီဇာဆိုင်ရာ ဆွဲဆောင်မှုရှိသော မူဝါဒများရှိကြောင်း သက်သေပြခဲ့သည်။

ထိုင်းအစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ Lalida Perisvivatana က ယခုရလဒ်သည် ထိုင်းနိုင်ငံကို ကမ္ဘာ့ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေးဗဟိုချက် အဖြစ် မြှင့်တင်ရန် အစိုးရ၏ မူဝါဒနှင့် ကိုက်ညီနေကြောင်း၊ ရှေ့ဆက်၍လည်း သက်ကြီးရွယ်အိုစောင့်ရှောက်မှုနှင့် ကျန်းမာရေးခရီးသွားလုပ်ငန်းများကို တိုးမြှင့်ကာ နိုင်ငံခြားသားများ နေထိုင်ရအဆင်ပြေမည့် ပတ်ဝန်းကျင်ကို ဖန်တီးပြီး နိုင်ငံစီးပွားရေးကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Source;Khaosod