ကမ္ဘာ့ရေနံဈေးကွက် အခြေအနေများကြောင့် ဒီဇယ်ဈေးနှုန်းကို ၀.၆၀ဘတ်နှုန်း နှင့် ဓာတ်ဆီ/ဂတ်ဆိုဟော (Gasohol) ဈေးနှုန်းများကို ၀.၈၅ ဘတ်နှုန်းစီ အသီးသီး တိုးမြှင့်လိုက်ခြင်း ဖြစ်ပါတယ်။
ယနေ့ ဘန်ကောက်မြို့ လက်လီဈေးနှုန်းများ
▪️Petrol (ဓာတ်ဆီ) – ၅၂.၈၉ ဘတ်
▪️Gasohol 95 – ၄၃.၃၀ ဘတ်
▪️Gasohol 91- ၄၂.၉၃ ဘတ်
▪️Gasohol E20 – ၃၆.၃၀ ဘတ်
▪️Gasohol E85 – ၃၂.၂၄ ဘတ်
▪️Diesel (ဒီဇယ်) – ၄၀.၈၀ ဘတ်
▪️Diesel B20 – ၃၃.၈၀ ဘတ်
▪️Super Power Diesel – ၆၂.၁၀ ဘတ်
ဈေးနှုန်းတက်ရခြင်း၏ အဓိကအကြောင်းရင်းများမှာ ကမ္ဘာ့ဈေးကွက်တွင် ဒီဇယ်တစ်ဘီပါလျှင် အမေရိကန်ဒေါ်လာ ၁၇၉ ဒေါ်လာ ခန့်နှင့် ဓာတ်ဆီမှာ ၁၃၈ ဒေါ်လာ ခန့်အထိ မြင့်တက်လာခြင်းကြောင့် ဖြစ်ပါတယ်။လောင်စာဆီရန်ပုံငွေအဖွဲ့ (Fuel Fund) က ဒီဇယ်ဈေးနှုန်း အဆမတန် မမြင့်တက်စေရန်အတွက် တစ်လီတာလျှင် ၃.၁၂ ဘတ် ခန့်အထိ စိုက်ထုတ်ထောက်ပံ့ပေးထားသော်လည်း ကမ္ဘာ့ဈေးနှုန်းမြင့်တက်မှုကြောင့် လက်လီဈေးနှုန်းကို ၆၀ ပြား တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။ လက်ရှိတွင် အစိုးရအနေဖြင့် စွမ်းအင်ဈေးနှုန်း အကျပ်အတည်းကို ကူညီဖြေရှင်းရန်အတွက် တစ်နေ့လျှင် ဘတ် ၁၇၁.၅၁ သန်း ခန့် အသုံးပြုနေရပါတယ်။
Source; The Nation
