ထိုင်းတွင် မြေပိုင်ဆိုင်ထားသည့် နိုင်ငံခြားသား ဆက်စပ် ကုမ္ပဏီ ၃၆,၀၀၀ ကျော်အား Nominee စစ်ဆေးမည်

ထိုင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဌာန (DBD) သည် နိုင်ငံတစ်ဝန်းတွင် မြေပိုင်ဆိုင်ခွင့် ဂရန်များ ကိုင်ဆောင်ထားသည့် နိုင်ငံခြားသား ဆက်စပ် ကုမ္ပဏီပေါင်း ၃၆,၂၇၇ ခုအား တရားမဝင် နာမည်ငှား (Nominee) ပိုင်ဆိုင်ထားခြင်း ရှိမရှိ စတင် စစ်ဆေးတော့မည် ဖြစ်ပါတယ်။

မြေပိုင်ဆိုင်သည့် ကုမ္ပဏီ ၁၂၃,၅၄၂ ခုအနက် ၈၇,၂၆၅ ခုမှာ ထိုင်းနိုင်ငံသား ရာခိုင်နှုန်းပြည့် ပိုင်ဆိုင်ပြီး၊ ကျန် ၃၆,၂၇၇ ခုမှာ နိုင်ငံခြားသား ရှယ်ယာ ပါဝင်နေသည် ကို တွေ့ရှိရသည်။

နိုင်ငံခြားသား ရှယ်ယာ ၄၉% အထိ ပါဝင်သည့် ကုမ္ပဏီပေါင်း ၃၁,၅၁၆ ခုကို အဓိကထား စိစစ်မည်ဖြစ်သည်။ ထိုင်းနိုင်ငံသား ၅၁% စာရင်းပြထားသော်လည်း အဆိုပါ ထိုင်းနိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံငွေမှာ မိမိကိုယ်ပိုင် ငွေကြေးအမှန်ဟုတ်မဟုတ် စိစစ်သွားမည်ဖြစ်သည်။

ဘန်ကောက်၊ ချွန်ဘူရီ၊ ဖူးခက်၊ ဇင်းမယ် အပါအဝင် ကုန်သွယ်ရေးနှင့် ခရီးသွား မြို့ကြီး ၁၆ မြို့တွင် ကုမ္ပဏီ ၃၅,၁၅၄ ခု စုစည်းလျက် ရှိသည်။

Nominee ပြုလုပ်ထားကြောင်း တွေ့ရှိပါက ထောင်ဒဏ် ၃ နှစ်အထိ သို့မဟုတ် ဒဏ်ငွေ ဘတ် ၁ သိန်းမှ ၁ သန်းအထိ ကျခံရမည်။တရားမဝင် ရယူထားသော မြေများကို မြေယာဥပဒေအရ ရက်ပေါင်း ၁၈၀ မှ ၁ နှစ်အတွင်း ပြန်လည် ရောင်းချ စွန့်လွှတ်ရမည် ဖြစ်သည်။

Source;The Nation