ထိုင်းနိုင်ငံ ဆိုက်ဘာလိမ်လည်မှု တိုက်ဖျက်ရေး စင်တာ (ACSC) ၏ ဩဂုတ် ၉ ရက်မှ ၁၅ ရက်အထိ အချက်အလက်များအရ ဘန်ကောက်မြို့သည် အွန်လိုင်းလိမ်လည်မှု တိုင်ကြားချက်နှင့် ဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့ပြီး၊ အသက် ၂၁ မှ ၃၀ အကြား လူငယ်များနှင့် အမျိုးသမီးများ အများဆုံး လိမ်လည်ခံနေရကြောင်း သိရပါတယ်။
တစ်ပတ်အတွင်း တိုင်ကြားချက်ပေါင်း ၆,၀၆၀ ရရှိခဲ့ပြီး စုစုပေါင်း ဆုံးရှုံးမှု ဘတ် သန်း ၂၆၀ အထိ ရှိခဲ့သည်။
ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု လိမ်လည်မှုမှာ တိုင်ကြားချက် ၇၇.၃% ဖြင့် အများဆုံးဖြစ်သော်လည်း၊ ငွေကြေးနှင့် ရင်းနှီးမြှုပ်နှံမှု လိမ်လည်ခံရမှုမှာ ဘတ် သန်း ၈၀ နီးပါးဖြင့် ငွေကြေး ပမာဏ အများဆုံး ဆုံးရှုံးခဲ့သည်။
ဘန်ကောက် (၁၃၈ မှု – ဘတ် ၆၃.၃ သန်း)၊ နွန်သဘူရီ (၃၆ မှု) နှင့် ဇင်းမယ် (၂၇ မှု) တို့ ဖြစ်ကြသည်။
ရင်းနှီးမြှုပ်နှံခြင်း မပြုမီ SEC Check First App တွင် ကုမ္ပဏီ တရားဝင် ဟုတ်/မဟုတ် စစ်ဆေးရန်နှင့် လူပုဂ္ဂိုလ် အကောင့်များသို့ ငွေမလွှဲရန် သတိပေးထားသည်။
ကမ္ဘောဒီးယားနှင့် လာအို နယ်စပ်များမှတစ်ဆင့် အွန်လိုင်း လောင်းကစား/စခမ်း လုပ်ငန်းများတွင် ပါဝင်သူ ထိုင်းနှင့် တရုတ်နိုင်ငံသား အများအပြားကိုလည်း အာဏာပိုင်များက ဖမ်းဆီး/လွှဲပြောင်း ရယူခဲ့သည်။
Source;The Nation
