ထိုင်းနိုင်ငံ၏ လူဦးရေအဆမတန် အိုမင်းမင်းမဆွေးမှု ဖြစ်စဉ်သည် သက်ကြီးရွယ်အို ပင်စင်နှင့် လူမှုဖူလုံရေး စနစ်အတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနေပြီး လာမည့် ၂၅ နှစ်အတွင်း အသက် ၆၀ အထက် လူဦးရေမှာ တစ်နိုင်ငံလုံး လူဦးရေ၏ သုံးပုံတစ်ပုံအထိ ရှိလာမည်ဖြစ်ကြောင်း Kiatnakin Phatra Financial Group (KKP) ၏ သုတေသန အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။
လက်ရှိတွင် ထိုင်းနိုင်ငံ၌ အသက် ၆၀ အထက် သက်ကြီးရွယ်အို ဦးရေမှာ စုစုပေါင်း လူဦးရေ၏ ၂၄ % ရှိနေပြီဖြစ်ကာ အိမ်နီးချင်း နိုင်ငံများနှင့် ယှဉ်ပါက အိုမင်းမှုနှုန်း မြန်ဆန်နေသော်လည်း တစ်ဦးကျဝင်ငွေမှာ နည်းပါးနေသေးသည်။
ထိုင်းလုပ်သား ၅၄ % ကျော်မှာ လူမှုဖူလုံရေး စနစ်ပြင်ပတွင် ရောက်ရှိနေပြီး အစိုးရမှ ထောက်ပံ့သည့် သက်ကြီးရွယ်အို ထောက်ပံ့ကြေးမှာ စားဝတ်နေရေး စရိတ်၏ ၇ % ခန့်ကိုသာ ကာမိသည်။
အသက် ၆၀ သို့ ရောက်ရှိသူများ၏ ၄၇ % ခန့်သည် အသက် ၈၅ နှစ်အထိ အသက်ရှည်နေထိုင်ကြမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ဆေးဝါးနှင့် ကျန်းမာရေးစရိတ် ငွေဖောင်းပွမှုနှုန်းမှာ ၁၄.၈ % အထိ မြင့်တက်လာမည်ဖြစ်သည်။
KKP ၏ လေ့လာဆန်းစစ်ချက်အရ ထိုင်းနိုင်ငံသား ၈၆ % ခန့်သည် ငွေစုဆောင်းသည့် အစီအစဉ် မရှိကြသေးဘဲ စုဆောင်းငွေ၏ ၈၀ % ကျော်ကို ဘဏ်အပ်ငွေများတွင်သာ ထားရှိသဖြင့် ငွေဖောင်းပွမှုကို အမီမလိုက်နိုင်ဖြစ်နေကြသည်။
ယင်းကြောင့် သက်ကြီးရွယ်အို ၇၀ % နီးပါးသည် သားသမီးများ၏ ငွေကြေးထောက်ပံ့မှု သို့မဟုတ် ဆက်လက် အလုပ်လုပ်ကိုင်မှုအပေါ် မှီခိုနေရသည်။
ယင်းစိန်ခေါ်မှုများကို ကူညီဖြေရှင်းရန် KKP ဘဏ်သည် အနားယူချိန်အတွက် ရင်းနှီးမြှုပ်နှံမှု အဆင့်နှစ်ဆင့်ပါဝင်သည့် (KKP Ready Retire) ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ အစီအစဉ်သစ်များကို စတင်မိတ်ဆက်ပေးထားကြောင်း သိရပါတယ်။
Source;Bangkok Post
