ထိုင်းတွင် သတ်မှတ်နယ်မြေအချို့၌ အရက်/ဘီယာ ရောင်းချခွင့်အချိန်ကို ညသန်းခေါင်အထိ တိုးမြှင့်

ထိုင်းနိုင်ငံသည် အရက်သေစာရောင်းချမှုဥပဒေကို ပြင်ဆင်လိုက်ပြီး သတ်မှတ်ထားသော 

ကင်းလွတ်ခွင့်နေရာအချို့၌ နံနက် ၁၁ နာရီမှ ညသန်းခေါင် (၁၂:၀၀) အထိ (မွန်းလွဲပိုင်း ကြားဖြတ်ပိတ်ချိန်မရှိဘဲ) ဆက်တိုက်ရောင်းချခွင့်ကို ၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက် မှစတင်၍ တရားဝင်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ကြားဖြတ်ပိတ်ချိန်မရှိဘဲ ရောင်းချခွင့်ရမည့် နေရာများကတော့ အပြည်ပြည်ဆိုင်ရာ ခရီးစဉ်များပြေးဆွဲသည့် လေဆိပ်ခရီးသည်တင် တာမီနယ်များအတွင်းရှိ ဆိုင်များ၊ဥပဒေအရ တရားဝင်လည်ပတ်နေသော ဟိုတယ်များနှင့် Entertainment Venues များ၊ကွန်ဖရင့်ညီလာခံများ၊ ကုန်စည်ပြပွဲများနှင့် အနုပညာဖျော်ဖြေပွဲကြီးများ ကျင်းပရာ နေရာများအတွင်းနှင့် ရာယောင်းခရိုင်ရှိ ဖျော်ဖြေရေးဇုန်များနှင့် အရှေ့ပိုင်းလေကြောင်းမြို့တော် (Eastern Aviation City) နယ်မြေအတွင်းရှိ စားသောက်ဆိုင်များဖြစ်ပါတယ်။

လိုက်နာရမည့်စည်းကမ်းများက ကင်းလွတ်ခွင့်ရသည့် ဆိုင်များအနေဖြင့် ကလေးသူငယ်များနှင့် လူငယ်များ အရက်လက်လှမ်းမီမှုကို ကန့်သတ်ရမည်ဖြစ်ပြီး၊ ဝယ်ယူသူသည် အလွန်အကျွံ မူးယစ်နေခြင်း ရှိ၊ မရှိကိုပါ သေချာစွာ စစ်ဆေးပြီးမှသာ ရောင်းချရမည်ဖြစ်သည်။

ယခု အချိန်တိုးမြှင့်ပေးလိုက်ခြင်းသည် ဇွန်လအတွင်း ကျင်းပမည့် တစ်နိုင်ငံလုံးဆိုင်ရာ Pride Month ပွဲတော်ကြီးများနှင့်အတူ ညဘက်စီးပွားရေး (Nightlife Tourism) ကို မြှင့်တင်ရန်ဖြစ်ပြီး၊ ဟိုတယ်နှင့် စားသောက်ကုန်လုပ်ငန်းရှင်များအနေဖြင့် အရောင်းမြှင့်တင်မှု အစီအစဉ်များကို ပိုမိုလွတ်လပ်စွာ ဖန်တီးနိုင်ပြီ ဖြစ်ပါတယ်။

Source;Thaiger