အွန်လိုင်းမှ ခြိမ်းခြောက်စာကြောင့် ချင်းမိုင်ရှိ ကျောင်းတစ်ကျောင်းတွင် လုံခြုံရေး တင်းကြပ်

ချင်းမိုင်မြို့နယ်ရှိ အထက်တန်းကျောင်းတစ်ကျောင်းတွင် ကျောင်းသားများကို အကြမ်းဖက်မည်ဆိုသည့် အွန်လိုင်းခြိမ်းခြောက်စာ ထွက်ပေါ်လာသဖြင့် ရဲတပ်ဖွဲ့က ယနေ့နံနက်ပိုင်းတွင် ကျောင်းဝင်ပေါက်၌ ကျောပိုးအိတ်များကို အသေးစိတ် စစ်ဆေးခဲ့ပါတယ်။
ကျောင်းသားများ၏ LINE ဂရုအတွင်း၌ ကျောင်းသား ၂ ဦးက အနိုင်ကျင့်သူများကို နံနက် ၁၀ နာရီတွင် အကြမ်းဖက်မည်ဟု ရေးသားခဲ့သဖြင့် ကျောင်းဘက်မှ Mae Ping ရဲစခန်းသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
နွန်ထဘူရီ ကျောင်းပစ်ခတ်မှု ဖြစ်စဉ်ကဲ့သို့ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် မိဘအချို့က ကလေးများကို ကျောင်းမှ ပြန်ခေါ်ဆောင်သွားခဲ့ကြသည်။
ရဲတပ်ဖွဲ့၏ စစ်ဆေးမှုတွင် မည်သည့်လက်နက်မျှ မတွေ့ရဘဲ ပစ်ခတ်မှုလည်း မဖြစ်ပွားခဲ့ပါ။ လက်ရှိတွင် စာရေးသားသူကို ဖော်ထုတ်ရန် ဆောင်ရွက်နေပြီး၊ ချင်းမိုင်ခရိုင် ရဲတပ်ဖွဲ့မှူးကလည်း ကျောင်းများ အားလုံးနှင့် လုံခြုံရေး အရေးပေါ် ဆွေးနွေးသွားမည်ဟု သိရသည်။

Source;ThaiPBSWorld