ထိုင်းတွင် HIV ကူးစက်ခံရသူ ၅ သိန်းကျော်ရှိလာ၊ လူငယ်များအကြား ကူးစက်မှု မြင့်တက်

ထိုင်းနိုင်ငံတွင် ၂၀၂၆ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ်အထိ စာရင်းများအရ HIV ကူးစက်ခံရသူ စုစုပေါင်း ၅ သိန်းကျော် လာပြီဖြစ်ရာ ခရိုင် ၁၃ ခုတွင် ကူးစက်ခံရသူ ၁ သောင်းကျော်စီအထိ ရှိနေပြီး အသက် ၁၅ မှ ၂၄ နှစ်ကြား လူငယ်များအကြား ကူးစက်မှုမှာ အထူးစိုးရိမ်စရာ ဖြစ်လာကြောင်း သိရပါတယ်။

စုစုပေါင်း ကူးစက်ခံရသူ အများဆုံးမှာ ဘန်ကောက် (၈၈,၅၃၅ ဦး) ဖြစ်ပြီး၊ ချွန်ဘူရီ (၃၁,၀၇၂ ဦး) နှင့် ချင်းမိုင် (၂၃,၉၄၉ ဦး) တို့က အသီးသီး ဒုတိယနှင့် တတိယ အများဆုံး ဖြစ်သည်။

ချင်းရိုင်း၊ နခွန်ရာချာစီမာ၊ စမွတ်ပရာကန်၊ နွန်သဘူရီ၊ ခွန်ကဲန်၊ ပထုမ်ဌာနီ၊ ဥဒေါန်းဌာနီ၊ ရယောင်း၊ ဆုန်ခလာ (၁၀,၆၄၄ ဦး) နှင့် ဥဘွန်ရာချာဌာနီ တို့ ဖြစ်ကြသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသက် ၁၅ နှစ်မှ ၂၄ နှစ်အထိ လူငယ်များအကြား စုစုပေါင်း HIV ကူးစက်ခံရသူ ၂၅,၀၀၀ ကျော် အထိ ရှိနေပြီး ကာကွယ်မှုမရှိသည့် လိင်ဆက်ဆံမှုများကြောင့် အဓိက ကူးစက်ရခြင်းဖြစ်သည်။

ကူးစက်ခံထားရသူများအနက် ၈၃% ကျော် သည် ARV (Antiretroviral) ရောဂါထိန်းဆေးများကို ပုံမှန် သောက်သုံးနေကြသဖြင့် ဗိုင်းရပ်စ်ပမာဏ ထိန်းချုပ်နိုင်ကာ ပြင်းထန်သော ရောဂါဝေဒနာ ခံစားရမှုနှင့် အခြားသူများထံ ကူးစက်နိုင်ခြေကို သိသိသာသာ လျှော့ချနိုင်ခဲ့သည်။

ကျန်းမာရေး ဝန်ကြီးဌာနနှင့် ဒေသဆိုင်ရာ ရောဂါထိန်းချုပ်ရေး ရုံးများက ရောဂါစောစီးစွာ စစ်ဆေးခြင်း၊ ကွန်ဒုံး စနစ်တကျ အသုံးပြုခြင်းနှင့် ဆေးဝါးများကို ပုံမှန် သောက်သုံးနိုင်ရန် အသိပညာပေးလုပ်ငန်းများကို ပိုမို တိုးမြှင့် ဆောင်ရွက်လျက်ရှိပါသည်။

Source;Bangkok Post