စမွတ်ပရာကန်ရှိ စက်ရုံဒေဝါလီခံ၍ နစ်နာကြေးမရသည့် မြန်မာအလုပ်သမား ၁၂၉ ဦး WAG အဖွဲ့ထံ အကူအညီတောင်းခံ

ထိုင်းနိုင်ငံ၊ စမွတ်ပရာကန် (Samut Prakan) ခရိုင်ရှိ လျှပ်စစ်ဝိုင်ယာကြိုးစက်ရုံတစ်ခု ဒေဝါလီခံလိုက်ရပြီးနောက် လုပ်သက် ၅ နှစ်မှ ၆ နှစ်ကျော်အထိ ရှိနေသည့် မြန်မာအလုပ်သမား ၁၂၉ ဦးအား ထိုင်းဥပဒေအရ ရသင့်ရထိုက်သည့် နစ်နာကြေးများ မပေးသဖြင့် WAG အလုပ်သမားမဟာမိတ်အဖွဲ့က ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်ဗျာ။

လွန်ခဲ့သည့် ဩဂုတ် ၃ ရက်နေ့၊ မွန်းလွဲ ၁၂:၅၁ နာရီတွင် အဆိုပါ လျှပ်စစ်ဝိုင်ယာကြိုး စက်ရုံက ဒေဝါလီခံကြောင်း ကြေညာခဲ့ပြီးနောက် လုပ်ငန်းခွင်ရပ်ဆိုင်းခဲ့သည်။

စက်ရုံတွင် လုပ်သက် ၅ နှစ်မှ ၆ နှစ်ကျော်အထိ တာဝန်ထမ်းဆောင်ခဲ့ကြသည့် CI (Certificate of Identity) သာသနာပြု စာအုပ်ကိုင်ဆောင်ထားသော မြန်မာအလုပ်သမား ကျား ၂၅ ဦး၊ မ ၁၀၄ ဦး၊ စုစုပေါင်း ၁၂၉ ဦး နစ်နာကြေး မရရှိဘဲ အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်။

ထိုင်းအလုပ်သမား ဥပဒေအရ ရသင့်ရထိုက်သော လုပ်သက် နစ်နာကြေးများ ပြန်လည်ရရှိရေးအတွက် အလုပ်သမားများက WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူအညီ တောင်းခံခဲ့ရာ ဩဂုတ် ၃၁ ရက်၊ ညနေ ၄:၃၀ နာရီတွင် WAG အဖွဲ့က အဆိုပါအမှုကို တရားဝင် လက်ခံကူညီ ဆောင်ရွက်ပေးခဲ့သည်။

WAG အလုပ်သမားမဟာမိတ်အဖွဲ့အနေဖြင့် မြန်မာအလုပ်သမားများ ထိုင်းဥပဒေအတိုင်း အပြည့်အဝ နစ်နာကြေး ရရှိစေရန် သက်ဆိုင်ရာ ထိုင်းအလုပ်သမား ကာကွယ်ရေးနှင့် သက်သာချောင်ချိရေး ဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Source;WAG