ထိုင်းနိုင်ငံ အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့ (CAAT) သည် ၂၀၁၅ ခုနှစ်ကတည်းက ကျင့်သုံးခဲ့သော စည်းမျဉ်းဟောင်းများကို ခေတ်နှင့်အညီ အဆင့်မြှင့်တင်လိုက်ခြင်း ဖြစ်ပါတယ်။ ဤစည်းမျဉ်းသစ်သည် အလေးချိန် ၂၅ ကီလိုဂရမ်အထိရှိသော ဒရုန်းများအားလုံးနှင့် သက်ဆိုင်ပါတယ်။
“Specific Category” (ဥပမာ- စီးပွားဖြစ် ရိုက်ကူးရေး၊ မြေတိုင်းတာရေး၊ သတ်မှတ်နယ်မြေအတွင်း ပျံသန်းခြင်း) အောက်တွင်ရှိသော ဒရုန်းမောင်းနှင်သူများသည် CAAT မှ အသိအမှတ်ပြုထားသော သင်တန်းများကို တက်ရောက်ရမည်ဖြစ်ပြီး၊ လေကြောင်းဥပဒေနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ လက်မှတ်များ ရရှိထားရပါမယ်။ ဒရုန်းတိုင်းကို အီလက်ထရောနစ်စနစ်ဖြင့် မှတ်ပုံတင်ရမည်ဖြစ်ပြီး၊ ဒရုန်းကိုယ်ထည်ပေါ်တွင် မှတ်ပုံတင်နံပါတ် (ဥပမာ- XX-NN-NN-NNNN) ကို အနည်းဆုံး ၀.၃ စင်တီမီတာ အမြင့်ရှိသော စာလုံးများဖြင့် ရှင်းလင်းစွာ ကပ်ထားရပါမယ်။ ပျံသန်းမှုတစ်ခုစီအတွက် ရည်ရွယ်ချက်၊ အချိန်၊ နေရာ (Coordinates)၊ မောင်းနှင်သူအမည်နှင့် အာမခံစာရွက်စာတမ်းများကို အွန်လိုင်းမှတစ်ဆင့် ကြိုတင်တင်ပြရပါမယ်။
တတိယလူ ထိခိုက်နစ်နာမှုအတွက် အာမခံ (Third-party insurance) မှာ အနည်းဆုံး ဘတ် ၁ သန်း တန်ဖိုးရှိရပါမယ်။ ပါမစ်သက်တမ်းကိုတော့ ယခင် ၂ နှစ်အစား ၅ နှစ် အထိ တိုးမြှင့်ပေးထားပါတယ်။
၀၁၅ စည်းမျဉ်းအရ လိုင်စင်ရှိထားသူများသည် သက်တမ်းကုန်ဆုံးသည်အထိ ဆက်လက်အသုံးပြုနိုင်သော်လည်း၊ စည်းမျဉ်းသစ်အရ သတ်မှတ်ထားသော “Specific Category” ပျံသန်းမှုများကို လုပ်ဆောင်လိုပါက စည်းကမ်းသစ်များကို ချက်ချင်းလိုက်နာရမှာ ဖြစ်ပါတယ်။
Source;The Nation
