အရက်ထိန်းချုပ်ရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ အောက်ပါနေရာများတွင် အရက်ရောင်းချခြင်း သို့မဟုတ် သောက်စားခြင်း ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရမည် ဖြစ်ပါတယ်။
၁။ လမ်းမများပေါ်တွင်: လမ်းပေါ်၊ ယာဉ်ပေါ် သို့မဟုတ် ယာဉ်အတွင်း၌ အရက်ရောင်းချခြင်း မပြုရ။ ထို့ပြင် ကားမောင်းနေစဉ် သို့မဟုတ် ကားစီးနေစဉ်အတွင်း အရက်သောက်စားခြင်းကိုလည်း လုံးဝ တားမြစ်ထားပါတယ်။
၂။ အစိုးရဌာနနှင့် နိုင်ငံပိုင်လုပ်ငန်းများ: အစိုးရပိုင် နယ်မြေများအတွင်း အရက်ရောင်းချခြင်း/သောက်စားခြင်း မပြုရ။ (ခြွင်းချက် – သတ်မှတ်ထားသော ကလပ်များ၊ ဝန်ထမ်းအိမ်ရာများနှင့် ရိုးရာအခမ်းအနားများတွင်သာ ခွင့်ပြုမည်။)
၃။ ဆိပ်ကမ်းနှင့် ကူးတို့သင်္ဘောများ:အများပြည်သူသုံး ကူးတို့ဆိပ်ကမ်းများနှင့် ပုံမှန်ပြေးဆွဲနေသော ကူးတို့သင်္ဘောများပေါ်တွင် တားမြစ်သည်။
၄။ ကားဂိတ်များ: ကုန်းလမ်းပို့ဆောင်ရေးဥပဒေအရ သတ်မှတ်ထားသော ဘတ်စ်ကားဂိတ်နှင့် ကားဂိတ်ဝင်းများ။
၅။ စက်ရုံဝင်းများ:စက်ရုံဥပဒေအရ သတ်မှတ်ထားသော စက်ရုံဝင်းအတွင်း အရက်ရောင်းချခြင်း/သောက်စားခြင်း မပြုရ။ (အရက်ထုတ်လုပ်သည့် စက်ရုံများ မပါဝင်ပါ။)
၆။ အစိုးရစီမံခန့်ခွဲသည့် နေရာများ: အစိုးရ သို့မဟုတ် နိုင်ငံပိုင်လုပ်ငန်းများက စီမံခန့်ခွဲသော နေရာများ။
၇။ အများပြည်သူသုံး ပန်းခြံများ: အစိုးရမှ စီမံခန့်ခွဲသော အများပြည်သူ အပန်းဖြေနားနေသည့် ပန်းခြံများ။
၈။ မီးရထားဘူတာနှင့် ရထားပေါ်တွင်: မီးရထားလမ်းကြောင်းပေါ်ရှိ ရထားတွဲများအတွင်းနှင့် မီးရထားဘူတာများတွင် တားမြစ်သည်။ (ခြွင်းချက် – ဘန်ကောက်ဘူတာကြီးရှိ အထူးအခမ်းအနားများအတွက် သတ်မှတ်ထားသော နေရာများမှလွဲ၍ ကျန်နေရာများတွင် မရပါ။)
Source;Thairath
