ထိုင်းနိုင်ငံ အုပ်ချုပ်ရေးဦးစီးဌာန (DOPA) သည် နယ်စပ်ဒေသ ကန့်သတ်နယ်မြေများအတွင်း ခိုလှုံနေထိုင်ကြသည့် မြန်မာစစ်ဘေးရှောင် ဒုက္ခသည်များအား လူဦးရေစာရင်း မှတ်တမ်းအချက်အလက် ပိုမိုတိကျစေရန်နှင့် အစိုးရဝန်ဆောင်မှုများ လွယ်ကူစေရန်အတွက် ပန်းရောင်ကဒ် ထုတ်ပေးမည့် စီမံချက်ကို စတင်လိုက်ပါတယ်။
အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Narucha Kosacivilize သည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ရတ်ချဘူရီခရိုင် (Ratchaburi) ၌ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ကိုယ်စားလှယ်များ၊ ခရိုင်အုပ်ချုပ်ရေးမှူးများနှင့်အတူ ဤမှတ်ပုံတင်ခြင်း အခမ်းအနားကို ဦးဆောင်ကျင်းပခဲ့သည်။
၂၀၂၆ ခုနှစ် စည်းမျဉ်းအသစ်အရ သတ်မှတ်ချက်နှင့် ကိုက်ညီပြီး စိစစ်မှုအောင်မြင်သည့် စစ်ဘေးရှောင်များကို ထိုင်းနိုင်ငံသားမဟုတ်သူများအတွက် ထုတ်ပေးသည့် သက်သေခံကတ်ပြား (ပန်းရောင်ကတ်) ထုတ်ပေးမည်ဖြစ်သည်။ ၎င်းကတ်သည် အစိုးရဝန်ဆောင်မှုများနှင့် တရားဝင်စာရွက်စာတမ်း ကိစ္စရပ်များတွင် အထောက်အကူပြုမည်ဖြစ်သည်။
ညွှန်ကြားရေးမှူးချုပ်က ဤကတ်ပြားသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စီမံခန့်ခွဲမှု၊ အုပ်ချုပ်ရေးနှင့် အမျိုးသားလုံခြုံရေးအတွက်သာ ရည်ရွယ်ပြီး ထိုင်းနိုင်ငံသားဖြစ်ခွင့် (သို့မဟုတ်) နိုင်ငံသားအခွင့်အရေးများကို ပေးအပ်ခြင်း လုံးဝမဟုတ်ကြောင်း ပြတ်ပြတ်သားသား အတည်ပြုပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသည် ၁၉၈၄ ခုနှစ်ကတည်းက မြန်မာဒုက္ခသည်များကို လူသားချင်းစာနာမှုဖြင့် လက်ခံထားခြင်းဖြစ်ပြီး၊ ယခုစနစ်သည် လူဦးရေစာရင်းကို ခေတ်မီပြီး တိကျစေရန် လုပ်ဆောင်ခြင်း ဖြစ်သည်။
Source:Bangkok Post
