ဒေါ်လာ ၁ ဘီလီယံကျော် ကုန်သွယ်မှုမှသည် ရုရှားနှင့် စီးပွားရေး တိုးချဲ့ရန် ထိုင်းနိုင်ငံ ခြေလှမ်းစ

ထိုင်းနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် စွမ်းအင်၊ မြေဩဇာ၊ ဒစ်ဂျစ်တယ်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး အပါအဝင် ကဏ္ဍစုံတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြပါတယ်။

ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရကူးလ် (Anutin Charnvirakul) က အာဆီယံ-ရုရှား စီးပွားရေးဖိုရမ်တွင် ထိုင်းနိုင်ငံအား လူဦးရေ သန်း ၇၀၀ ကျော်ရှိသည့် အာဆီယံဈေးကွက်သို့ ရုရှားစီးပွားရေးလုပ်ငန်းများ ဝင်ရောက်နိုင်မည့် “မဟာဗျူဟာမြောက် တံခါးပေါက်” (Strategic Gateway) အဖြစ် အသုံးချရန် ဖိတ်ခေါ်ခဲ့သည်။

နှစ်နိုင်ငံအကြား လက်ရှိကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ (ဘတ် ၃၂ ဘီလီယံခန့်) သာ ရှိသေးပြီး၊Trade Barriers (ကုန်သွယ်ရေး အတားအဆီးများ) ကြောင့် နှစ်နိုင်ငံလုံး၏ စစ်မှန်သော ကုန်သွယ်မှုစွမ်းရည်အောက် လျော့နည်းနေသေးသည်။ သို့သော် ရုရှား-ယူကရိန်း အခြေအနေ ကောင်းမွန်လာပါက ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများစွာ ပွင့်လင်းလာမည်ဟု ခန့်မှန်းထားသည်။

ရုရှားနိုင်ငံဘက်က ရေနံ၊ သဘာဝဓာတ်ငွေ့ အပါအဝင် စွမ်းအင်ထုတ်ကုန်များနှင့် ထိုင်းနိုင်ငံတွင် ဝယ်လိုအားမြင့်မားနေသည့် မြေဩဇာများကို ပိုမိုတင်ပို့ရန် စိတ်အားထက်သန်နေသည်။ ထို့ပြင် အာကာသနည်းပညာ၊ သိပ္ပံနှင့် ဆိုက်ဘာလုံခြုံရေး (Cybersecurity) ကဏ္ဍသစ်များတွင်လည်း ပူးပေါင်းရန် ရှိနေသည်။

လာမည့် ဩဂုတ်လတွင် နှစ်နိုင်ငံ ပူးတွဲကော်မရှင်အစည်းအဝေး ကျင်းပရန် ရှိနေပြီး၊ မကြာမီ ကာလအတွင်း ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် ရုရှားနိုင်ငံသို့ တရားဝင်အလည်အပတ်ခရီး သွားရောက်ကာ နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်မြှင့်တင်သွားရန် စီစဉ်ထားသည်။

Source;Bangkok Post