အရှေ့အလယ်ပိုင်းတွင် အမေရိကန်နှင့် အီရန်တို့အကြား စစ်ရေးတင်းမာမှုများကြောင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ပိတ်ထားရသည့်တိုင်အောင် ထိုင်းနိုင်ငံ၏ ဆီလက်ကျန်အခြေအနေမှာ စိုးရိမ်စရာမရှိသေးကြောင်း သိရပါတယ်။
📊 ထိုင်းနိုင်ငံ၏ စက်သုံးဆီအရန် အခြေအနေ (၁၀၈ ရက်စာ)
▪️ဥပဒေအရ သတ်မှတ်ထားသော အရန်ဆီ: ၂၅ ရက်စာ
▪️စီးပွားရေးအရ သိုလှောင်ထားသော အရန်ဆီ: ၂၄ ရက်စာ
▪️လမ်းခရီးရောက်ရှိနေသော အရန်ဆီ: ၃၉ ရက်စာ
▪️အတည်ပြုထားသော ရောင်းချမည့်ဆီ: ၂၀ ရက်စာ

ကမ္ဘာ့နှင့် ပြည်တွင်း စွမ်းအင်အခြေအနေ
၁။ ကမ္ဘာ့ဈေးကွက်: ဟော်မုဇ်ရေလက်ကြား ပိတ်ထားခြင်းကြောင့် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများမှာ မတည်ငြိမ်ဖြစ်နေပြီး၊ စင်ကာပူဈေးကွက်တွင် ဒီဇယ်တစ်ဘီပါလျှင် ၁၇၉ ဒေါ်လာ နှင့် ဓာတ်ဆီ ၁၃၈ ဒေါ်လာ အထိ မြင့်တက်နေပါတယ်။
၂။ ပြည်တွင်းဈေးနှုန်း: ထိုင်းအစိုးရသည် ဒီဇယ်ဈေးနှုန်းကို တစ်လီတာလျှင် ၄၀.၈၀ ဘတ် ထက် မကျော်လွန်စေရန် ထိန်းညှိနေသော်လည်း၊ မေလ ၁ ရက်မှစ၍ ဒီဇယ်နှင့် ဓာတ်ဆီဈေးနှုန်းများကို တစ်လီတာလျှင် ၆၀ ပြားမှ ၈၅ ပြား အထိ တိုးမြှင့်ခဲ့ရပါတယ်။
၃။ အာဆီယံနှင့် နှိုင်းယှဉ်ချက်: ထိုင်းနိုင်ငံ၏ စက်သုံးဆီဈေးနှုန်းမှာ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နှင့် စင်ကာပူတို့ထက်စာလျှင် သက်သာနေဆဲဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုပါတယ်။ (အခြားနိုင်ငံများတွင် ဆီဈေးမှာ ဘတ် ၄၇ မှ ၈၈ ဘတ်အထိ ရှိနေပါသည်)။
၄။ လောင်စာဆီရန်ပုံငွေ (Oil Fuel Fund): လက်ရှိတွင် အစိုးရ၏ ရန်ပုံငွေမှာ ဘတ် ၆၃ ဘီလီယံကျော် အရှုံးပေါ်နေပြီး၊ ဒီဇယ်ဈေးနှုန်းကို ထိန်းညှိရန်အတွက် တစ်နေ့လျှင် ဘတ် ၁၆၈ သန်းကျော် စိုက်ထုတ်သုံးစွဲနေရပါတယ်။
Source;The Nation
