ပွိုင်ပက်စီးနင်းမှု- ထိုင်းနိုင်ငံသား ၆၃၅ ဦး ပြန်လည်ရောက်ရှိ၊ Call-centre ပတ်သက်မှု ငြင်းဆို

ပြန်လည်ရောက်ရှိလာသူများကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် က ဆာကေအို (Sa Kaeo) ခရိုင်၊ အာရန်ယပရာသက် (Aranyaprathet) နယ်စပ်ဂိတ်မှတစ်ဆင့် လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ပါတယ်။

ပွိုင်ပက်မြို့ရှိ “Building F” ဟု လူသိများသည့် ၁၃ ထပ်တိုက် အမြွှာအဆောက်အအုံကို အွန်လိုင်းလောင်းကစားနှင့် လိမ်လည်လှည့်ဖြားသည့် လုပ်ငန်းများ၏ အခြေစိုက်စခန်းအဖြစ် သံသယရှိသဖြင့် စီးနင်းခဲ့ခြင်း ဖြစ်ပါတယ်။ ရောက်ရှိလာသူ ၆၃၅ ဦးအနက် ၇ ဦးခန့်မှာ ဖမ်းဝရမ်းထုတ်ခံထားရသူများ ဖြစ်ပြီး ကျန်ရှိသူအများစုမှာ တရားဝင်ပတ်စပို့ရှိသူများ ဖြစ်ပါတယ်။ ၎င်းတို့အနက် ၆၈ ဦးမှာ အွန်လိုင်းလိမ်လည်မှု တိုင်ကြားစာ (Case IDs) များနှင့် ဆက်နွှယ်မှု ရှိ၊ မရှိ စစ်ဆေးခံနေရပါတယ်။ 

အများစုက ၎င်းတို့သည် အွန်လိုင်းလောင်းကစား (Online Gambling) ဆိုက်များတွင် Customer Service (Admin) အဖြစ်သာ လုပ်ကိုင်ခြင်းဖြစ်ပြီး လူများကို လိမ်လည်သည့် Call-centre အဖွဲ့ဝင်များ မဟုတ်ကြောင်း ငြင်းဆိုကြပါတယ်။ ၎င်းတို့၏ လစာမှာ တစ်လလျှင် ဘတ် ၁၈,၀၀၀ မှ ၂၀,၀၀၀ ကျော်အထိ ရရှိကြပါတယ်:အချို့က ၎င်းတို့အား ကမ္ဘောဒီးယား အာဏာပိုင်များက ဖမ်းဆီးစဉ်အတွင်း ကျဉ်းမြောင်းသော အခန်းထဲတွင် လူရာပေါင်းများစွာ ထည့်ထားခြင်း၊ ၂ ရက်တိုင်တိုင် အစာမကျွေးခြင်း၊ ငွေကြေးနှင့် ရွှေထည်ပစ္စည်းများကို သိမ်းဆည်းခြင်းနှင့် ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းများ ရှိခဲ့ကြောင်း စွပ်စွဲပြောဆိုထားပါတယ်။ 

ထိုင်းအာဏာပိုင်များက ပြန်လည်ရောက်ရှိလာသူများကို စိစစ်မေးမြန်းနေဆဲဖြစ်ပြီး၊ ကမ္ဘောဒီးယားနိုင်ငံအတွင်း ယခုကဲ့သို့ အလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား ၁၀,၀၀၀ နီးပါး ကျန်ရှိနေသေးကြောင်း ခန့်မှန်းထားပါတယ်။

Source; The Nation