ထိုင်းနိုင်ငံသားအမည်ခံကာ စီးပွားရေးလုပ်သူ တရုတ်အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ချွန်ပူရီ (Chonburi) ပြည်နယ်၊ Ban Bueng ခရိုင်ရဲစခန်းသည် ပြည်နယ်လူဝင်မှုကြီးကြပ်ရေး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ တရားမဝင် ရှုပ်ထွေးသည့် နည်းလမ်းများဖြင့် စီးပွားရေးလုပ်ကိုင်နေသော တရုတ်နိုင်ငံသားများအား ဆက်တိုက်ဖမ်းဆီးလျက်ရှိရာ၊ ယနေ့တွင် ထိုင်းနိုင်ငံသားအမည်ခံ ဖြင့် ကုမ္ပဏီထောင်ကာ ဥပဒေဖောက်ဖျက်နေသည့် တရုတ်အမျိုးသမီးတစ်ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။

တာဝန်ရှိသူများသည် ချွန်ပူရီပြည်နယ်တရားရုံး၏ ရှာဖွေဝရမ်း (အမှတ် ၁၄၆/၂၅၆၉) အရ ဘန်ဘီယာ့င်-ကလင်လမ်းပေါ်ရှိ “ဂျွန်မို” (Zhong Mo) ကုမ္ပဏီ သို့ ဝင်ရောက်ရှာဖွေခဲ့ကြသည်။
အမှုနှင့်ပတ်သက်၍ ပြစ်မှုထင်ရှားစေရန်အတွက် ကုမ္ပဏီအတွင်းရှိ ကွန်ပျူတာများ၊ လက်ကိုင်ဖုန်းများ၊ CCTV ကင်မရာများနှင့် အရေးကြီးသော လုပ်ငန်းစာရွက်စာတမ်းများကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခဲ့သည်။

စစ်ဆေးစဉ်အတွင်း ချွန်ပူရီပြည်နယ်တရားရုံး၏ ဖမ်းဝရမ်း (အမှတ် ၄၀၃/၂၅၆၉) ထုတ်ပြန်ခြင်းခံထားရသည့် တရားခံ Mrs. Zheng (ခေါ်) နာင်ချစ်ဝ်အင် ကို ကုမ္ပဏီအတွင်း၌ ဖမ်းဆီးရမိခဲ့သည်။
တရုတ်အမျိုးသမီး Mrs. Zheng အား အောက်ပါဥပဒေချိုးဖောက်မှုများဖြင့် စွဲချက်တင်ထားသည်။
▪️နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းဆိုင်ရာ ဥပဒေများကို ရှောင်လွှဲရန် သို့မဟုတ် ဖောက်ဖျက်ရန် ရည်ရွယ်ချက်ဖြင့် ထိုင်းနိုင်ငံသားတစ်ဦးအား မိမိကိုယ်စား ကုမ္ပဏီတွင် ရှယ်ယာ အမည်ခံ ထည့်ဝင်ခိုင်းခြင်း။
▪️နိုင်ငံခြားသားများ လုပ်ကိုင်ခွင့်မရှိသည့် ကန့်သတ်စီးပွားရေးလုပ်ငန်းများကို ဥပဒေပုဒ်မ ၈(၃) အား ဖောက်ဖျက်၍ လုပ်ကိုင်ခြင်း။

လက်ရှိတွင် တာဝန်ရှိသူများက တရားခံအား ၎င်း၏ပြစ်မှုဆိုင်ရာ အခွင့်အရေးများနှင့် စွဲချက်များကို အကြောင်းကြားပြီးနောက် ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန်အတွက် ဘန်ဘီယာ့င်ခရိုင်ရဲစခန်းသို့ ခေါ်ဆောင်ကာ အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိသည်။

Source;ชลบุรี ฮอต รีพอท นิวส์