ဆာမုဆာခွန် (Samut Sakhon) ပြည်နယ်၊ ရာမာ ၂ လမ်း (Rama 2 Road) ဘေးပြိုင်လမ်း ခိုင်မာရေးဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ဇူလိုင် ၉ ရက် (ယနေ့) မွန်းလွဲပိုင်းက ကွန်ကရစ်တိုင်မညီဘဲ ကရိန်းယိုင်လဲပြိုကျမှုဖြစ်ပွားခဲ့ရာ အသက် ၆၄ နှစ်အရွယ် အလုပ်သမားကြီးတစ်ဦး ကရိန်းအောက်ညပ်၍ သေဆုံးသွားခဲ့ကြောင်းနှင့် ဤဖြစ်ရပ်သည် အဆိုပါလမ်းပေါ်ရှိ အခြား M82 အဝေးပြေးမော်တော်ဝေစီမံကိန်းနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ထိုင်းလမ်းဦးစီးဌာန (DOH) က အရေးပေါ်သတင်းထုတ်ပြန် ရှင်းလင်းထားပါတယ်ဗျာ။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၉ ရက်၊ မွန်းလွဲ ၁ နာရီခွဲခန့်တွင် ရာမာ ၂ လမ်း (အဝေးပြေးလမ်းမကြီး ၃၅)၊ ကီလိုမီတာအမှတ် ၃၉+၀၀၀ နှင့် ၄၀+၀၅၀ ကြား၊ Bang Thorat ရပ်ကွက်ရှိ တံတားအောက်ဂုံးကျော်အနီး ဆောက်လုပ်ရေးဇုန်အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အသက် ၆၄ နှစ်အရွယ် အလုပ်သမားကြီး မစ္စတာ ဝီချန်း (Mr. Wichian Pongthonglang) ဖြစ်သည်။ ၎င်းသည် ပုံမှန်အားဖြင့် ကားမောင်းရသူဖြစ်သော်လည်း ယနေ့တွင် ကွန်ကရစ်တိုင်ကို ထိန်းကိုင်ရန်အတွက် ကရိန်း၏ ဒုတိယအဆင့်ပေါ်သို့ တက်ရောက်စဉ် ကရိန်းခြေထောက်တစ်ဖက်ကွေးပြီး ဗဟိုချက်လွဲကာ ယိုင်လဲပြိုကျမှုကြောင့် ၎င်းအောက်သို့ ပိမိသေဆုံးခဲ့ခြင်းဖြစ်သည်။
လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာ ပီယာပွန် က ယခုမတော်တဆမှုသည် သီးသန့်စည်းပိတ်ထားသည့် ပြိုင်လမ်းဆောက်လုပ်ရေးဧရိယာအတွင်း၌သာ ဖြစ်ပွားခဲ့ခြင်းဖြစ်၍ အဝေးပြေးလမ်းမကြီးပေါ်ရှိ အများပြည်သူယာဉ်ကြောသွားလာမှုကို တစ်စုံတစ်ရာ ပိတ်ဆို့နှောင့်နှေးခြင်း မရှိခဲ့ကြောင်း အတည်ပြုပြောကြားသည်။
ဆာမုတ်ဆာခွန်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဘန်သိုရတ်ရဲစခန်းမှ ရဲအရာရှိများသည် အခင်းဖြစ်ပွားရာသို့ ကွင်းဆင်းစစ်ဆေးခဲ့ပြီး သေဆုံးသူ၏ ရုပ်အလောင်းအား ဆာမုတ်ဆာခွန်ဆေးရုံသို့ ပို့ဆောင်ကာ ရင်ခွဲစစ်ဆေးမှုများ ပြုလုပ်နေသည်။ ရဲတပ်ဖွဲ့အနေဖြင့် အနှစ် ၄၀ နီးပါး လုပ်သက်ရှိပြီး ယခုလို တစ်ခါမျှမကြုံဖူးကြောင်း ထွက်ဆိုထားသည့် ကရိန်းမောင်းသူ အပါအဝင် ပတ်သက်ဆက်နွှယ်သူအားလုံးကို ခေါ်ယူစစ်ဆေးလျက် တရားဥပဒေအတိုင်း အရေးယူရန် ဆောင်ရွက်နေပါတယ်။
Source;Thairath
