ထိုင်းနိုင်ငံ၊ ကိုရတ်ရှိ တရားမဝင် စီးကရက်ဂိုဒေါင် စီးနင်းခံရပြီး ဘတ် ၆.၇၅ သန်းဖိုး ဖမ်းဆီးရမိ

နခွန်ရာချာစီမာ (ကိုရတ်)၊ ဩဂုတ် ၄ (၂၀၂၆) – ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB) နှင့် ယမကာခွန်ဦးစီးဌာနတို့ ပူးပေါင်း၍ နခွန်ရာချာစီမာမြို့တွင် တရားမဝင် အခွန်ရှောင် စီးကရက်များ ရောင်းချနေသည့် ဂိုဒေါင်တစ်ခုကို ဝင်ရောက်စီးနင်းခဲ့ရာ စုစုပေါင်း ကာလတန်ဖိုး ဘတ် ၆.၇၅ သန်းတန်ဖိုးရှိ စီးကရက် လိပ်ပေါင်း ၁,၅၀၀,၀၀၀ (၇၅,၀၀၀ ဘူး) ကို သိမ်းဆည်းရမိခဲ့ပါတယ်။
အသက် ၇၃ နှစ်အရွယ် ဒေါ်တိဝ် (Nang Tiw / Pimporn) ဆိုသူသည် ကုန်စုံဆိုင် အယောင်ဆောင်၍ အခွန်ရှောင် စီးကရက်များကို လက်လီလက်ကား လျှို့ဝှက်ရောင်းချနေစဉ် ဇူလိုင်လ ၈ ရက်နေ့တွင် တရားရုံး ရှာဖွေဝရမ်းဖြင့် ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။
တွေ့ရှိရသည့် စီးကရက်များသည် အစိုးရအတွက် အခွန်ငွေ ဘတ် ၄ သန်းကျော် ဆုံးရှုံးစေခဲ့ပြီး၊ ဆူရင် (Surin) ပြည်နယ် နယ်စပ်ဂိတ် သဘာဝလမ်းကြောင်းမှတစ်ဆင့် ခိုးသွင်းလာခြင်းဖြစ်သည်ဟု တရားခံက ထွက်ဆိုထားသော်လည်း ရဲတပ်ဖွဲ့က နောက်ကွယ်မှ ကွန်ရက်ကို ဆက်လက်စုံစမ်းလျက်ရှိသည်။
အကောက်ခွန်နှင့် ယမကာခွန် ဥပဒေများအပြင် မှောင်ခို ကွန်ရက်တစ်ခုလုံးကို ဖော်ထုတ်ရန် ငွေကြေးခဝါချမှု တားဆီးကာကွယ်ရေး ဥပဒေပါ ထည့်သွင်း အရေးယူဆောင်ရွက်နေသည်။
အလားတူ ဇူလိုင် ၁ ရက်မှ ၁၅ ရက်အထိ အထူးနှိမ်နင်းမှုအတွင်း ဘတ် ၂၂.၆ သန်းတန် အီးစီးကရက် (Vape) ပစ္စည်းပေါင်း ၉၀,၀၀၀ ကျော်နှင့် အခွန်ရှောင် စီးကရက် အများအပြားကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့သည်။

Source;ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี