ထိုင်းနိုင်ငံသည် ကမ္ဘာလှည့် ခရီးသွားများအတွက် ဗီဇာမလိုဘဲ ဝင်ရောက်နေထိုင်ခွင့် ပြုထားသည့် သက်တမ်းကို ယခင် ရက် ၆၀ မှ ရက် ၃၀ သို့ ပြန်လည်လျှော့ချ လိုက်ကြောင်း ဩဂုတ်လ ၃၁ ရက်နေ့ ထုတ်ပြန်သည့် Royal Gazette တွင် တရားဝင် ကြေညာလိုက်ပါတယ်။
အမေရိကန်၊ ဗြိတိန်၊ ဂျပန်၊ ဂျာမနီ၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အိန္ဒိယ အပါအဝင် သတ်မှတ်ထားသည့် နိုင်ငံနှင့် နယ်မြေ ၆၀ ကျော်မှ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများသည် ထိုင်းနိုင်ငံသို့ ဗီဇာမလိုဘဲ ကမ္ဘာလှည့် ခရီးသွားအဖြစ် ရက် ၃၀ အထိ ဝင်ရောက်နေထိုင်ခွင့် ရရှိမည်ဖြစ်သည်။
ဆေးရှဲလ်စ် (Seychelles) နှင့် မောရစ်ရှ် (Mauritius) နိုင်ငံသားများအတွက်မူ ဗီဇာကင်းလွတ်ခွင့်ဖြင့် ၁၅ ရက်အထိသာ နေထိုင်ခွင့်ပြုမည်ဖြစ်သည်။
အဆိုပါ စည်းမျဉ်းသစ်သည် Royal Gazette တွင် ကြေညာပြီး ၁၅ ရက်မြောက်သည့်နေ့မှစတင်၍ တရားဝင် အသက်ဝင်မည်ဖြစ်သည်။
Source;Khaosod
