ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ ခွန်ကန်ခရိုင် (Khon Kaen) တွင် အသက် ၅၉ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ၎င်း၏သူငယ်ချင်းဖြစ်သူနှင့်အတူ တစ်နေ့ခင်းလုံး အရက်သောက်ပြီးနောက်၊ သူငယ်ချင်းဖြစ်သူအား ထိုင်းရိုးရာသရဲ”ဖီပေါ့ပ်” (Phi Pop) ဝင်ပူးနေသည်ဟု စွဲချက်တင်ကာ တူဖြင့် အချက် ၂၀ ခန့် ရိုက်နှက်သတ်ဖြတ်ခဲ့သည့် ထိတ်လန့်ဖွယ်ရာ ဖြစ်ရပ်တစ်ခု ဇွန်လ ၂၄ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ပါတယ်။
နမ်ဖုန်းရဲစခန်း (Nam Phong Police Station) ၏ ထုတ်ပြန်ချက်အရ ဖြစ်စဉ်မှာ အသက် ၅၉ နှစ်အရွယ် တရားခံ ဝိချန်း နှင့် အသက် ၅၇ နှစ်အရွယ် သေဆုံးသူ ဘန်ဂျွန် (Banjong) တို့သည် နံနက်ပိုင်းကတည်းက ဝိချန်း၏ လယ်တောထဲရှိ တဲအိမ်လေးတွင် ထိုင်းချက်အရက်ဖြူ များကို အတူတူ သောက်စားခဲ့ကြသည်။
ညနေပိုင်းတွင် မူးယစ်လာပြီး နှစ်ဦးသား စကားများရန်ဖြစ်ရာမှ တရားခံ ဝိချန်းက သေဆုံးသူ ဘန်ဂျွန်အားPhi Pop ဟု အော်ဟစ်စွပ်စွဲကာ တဲအတွင်းမှ တူကိုယူ၍ ခေါင်းနှင့် ခန္ဓာကိုယ်တစ်ခုလုံးကို အချက်ပေါင်း ၂၀ ခန့် အပြင်းအထန် ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။ ဘန်ဂျွန်သည် ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့သည်။
ရဲတပ်ဖွဲ့က တရားခံ ဝိချန်းအား အခင်းဖြစ်ပွားရာ လယ်တောတဲ၌ပင် ည ၇ နာရီဝန်းကျင်တွင် ထွက်ပြေးခြင်းမရှိဘဲ မူးယစ်နေစဉ် ဖမ်းဆီးရမိခဲ့ပြီး လူသတ်မှုဖြင့် တရားစွဲဆိုထားပါတယ်။
ခွန်ကန်ခရိုင်အတွင်း ယခုနှစ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ တုန်းကလည်း ဥဘွန်ရတ်မြို့နယ် ၌ ရဲအရာရှိဟောင်းတစ်ဦးက နယ်စပ်တာဝန်မှ ပြန်လာသည့် စစ်သားတစ်ဦး၏ နေအိမ်အတွင်းသို့ ဖိတ်ခေါ်ခြင်းမရှိဘဲ ဝင်ရောက်ကာ ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခဲ့သည့် စိတ်မနှံ့သူများကြောင့် ဖြစ်ပွားရသော လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
Source;Thaiger
#Mingalarnews #KhonKaenCrime2026 #PhiPopGhost #ThaiFolkloreMurder #NamPhong #ထိုင်းသတင်း
