အကြိမ် (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး မတိုင်မီ ဖိလစ်ပိုင်သမ္မတ Bongbong Marcos ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် Shangri-La Mactan ဟိုတယ်တွင် ဤအရေးကြီးသည့် တွေ့ဆုံမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။
ဝန်ကြီးချုပ် Anutin က ယခုဆွေးနွေးပွဲသည် အပြုသဘောဆောင်ပြီး ပွင့်လင်းမြင်သာမှုရှိကြောင်း၊ ပဋိပက္ခများသည် နှစ်ဖက်စလုံးအတွက် ဆုံးရှုံးမှုများကိုသာ ဖြစ်စေသည့်အတွက် အတိတ်ကိုထားခဲ့ကာ ဆက်ဆံရေးစာမျက်နှာသစ်ကို ဖွင့်လှစ်ရန် အချိန်တန်ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
နှစ်နိုင်ငံခြားရေးဝန်ကြီးများကို ယုံကြည်မှုတည်ဆောက်ရေးဆိုင်ရာ လက်တွေ့ကျသည့် အစီအစဉ်များ ပူးတွဲရေးဆွဲရန် တာဝန်ပေးအပ်ခဲ့ပါတယ်။ ၎င်းတွင် နှစ်ဖက်သဘောတူညီမှုရရှိထားသည့် ကိစ္စရပ်များကို ဦးစားပေးလုပ်ဆောင်သွားမည် ဖြစ်ပါတယ်။
နားလည်မှုလွဲမှားမှုများကို လျှော့ချနိုင်ရန် အဆင့်တိုင်းတွင် တိုက်ရိုက်ဆက်သွယ်ပြောဆိုမှုများကို တိုးမြှင့်သွားရန် သဘောတူခဲ့ကြပါတယ်။ကုန်းတွဲနှင့် ရေပိုင်နက် နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုများကိုလည်း အိမ်နီးချင်းကောင်း ပီသစွာဖြင့် ရှေ့ဆက်ဆွေးနွေးသွားမည့် နည်းလမ်းများကို ထိုင်းနိုင်ငံဘက်က အဆိုပြုခဲ့ပါတယ်။
Source;Khaosod
