ထိုင်းရောဂါထိန်းချုပ်ရေးဦးစီးဌာန (DDC) သည် စက်တင်ဘာ ၁၅ ရက်နေ့က ပြုလုပ်သော ရောဂါကာကွယ်ရေးနှင့် သတင်းထုတ်ပြန်ပွဲတွင် သြဂုတ်လအတွင်း ကူးစက်မှုအများဆုံး ရောဂါများထဲတွင် ရာသီတုပ်ကွေး (Influenza) ရောဂါဖြစ်ပွားသူ ၈၇,၇၇၀ ဦး ဖြင့် အများဆုံးဖြစ်ခဲ့ပြီး ကိုဗစ်-၁၉ (Covid-19) ရောဂါ ကူးစက်မှုမှာလည်း အဆင့် (၃) သို့ ရောက်ရှိကာ ဆက်လက်မြင့်တက်နေကြောင်း သတိပေးထုတ်ပြန်လိုက်ပါတယ်ဗျာ။
သြဂုတ်လအတွင်း ကူးစက်မှုအများဆုံး ရောဂါ ၅ မျိုး (ဇန်နဝါရီ ၁ မှ စက်တင်ဘာ ၈ အထိ စုစုပေါင်း)
၁။ ရာသီတုပ်ကွေး (Influenza): သြဂုတ်လတွင် ၈၇,၇၇၀ ဦး (စုစုပေါင်း ၃၇၆,၅၃၁ ဦး)
၂။ ဝမ်းပျက်ဝမ်းလျှော (Diarrhoea): သြဂုတ်လတွင် ၇၉,၇၈၀ ဦး (စုစုပေါင်း ၇၉၅,၅၇၉ ဦး)
၃။ ကိုဗစ်-၁၉ (Covid-19): သြဂုတ်လတွင် ၆၄,၉၃၇ ဦး (စုစုပေါင်း ၁၂၀,၄၆၆ ဦး)
၄။ အဆုတ်ရောင်/အေးမိချောင်းဆိုး (Pneumonia): သြဂုတ်လတွင် ၂၉,၁၆၆ ဦး (စုစုပေါင်း ၂၄၅,၂၅၆ ဦး)
၅။ သားသမီးလက်၊ ခြေ၊ ပါးစပ်ရောဂါ (HFMD): သြဂုတ်လတွင် ၂၁,၃၅၄ ဦး (စုစုပေါင်း ၅၉,၆၀၅ ဦး)
⚠️ သေဆုံးမှုနှုန်း (Case Fatality Rate) အမြင့်ဆုံး ရောဂါများ
-ခွေးရူးပြန်ရောဂါ (Rabies): ဖြစ်ပွားသူ ၁ ဦး၊ သေဆုံး ၁ ဦး (၁၀၀%)
-လီဂျွန်နေးရား ရောဂါ (Legionnaires’ disease): ဖြစ်ပွားသူ ၂ ဦး၊ သေဆုံး ၁ ဦး (၅၀%)
-Melioidosis (မြေဆီလွှာမှတစ်ဆင့် ကူးစက်တတ်သော ရောဂါ): ဖြစ်ပွားသူ ၄၄၃ ဦး၊ သေဆုံး ၁၅ ဦး (၃.၃၉%)
-ဝက်နားရွက်ရောင် ရောဂါ (Streptococcus suis): ဖြစ်ပွားသူ ၁၀၆ ဦး၊ သေဆုံး ၂ ဦး (၁.၈၉%)
ကိုဗစ်-၁၉ နှင့် ရာသီတုပ်ကွေး ရောဂါအခြေအနေ အသေးစိတ်
-ကိုဗစ်-၁၉ အခြေအနေ: စက်တင်ဘာ ၁၅ အထိ စုစုပေါင်း ကူးစက်သူ ၁၃၅,၆၆၇ ဦး၊ သေဆုံးသူ ၂၆ ဦးရှိပြီး အသက် ၁ နှစ်အောက် ကလေးငယ်များတွင် ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်သည်။ ကူးစက်မှုနှုန်း အမြင့်ဆုံး ခရိုင်များမှာ ဂျွန်ဘူရီ (Chonburi)၊ ဘန်ကောက် (Bangkok) နှင့် ဖူးခက် (Phuket) တို့ ဖြစ်ကြသည်။
-သေဆုံးသူများ၏ အခြေအနေ: သေဆုံးသူ ၂၆ ဦးအနက် ၂၁ ဦးမှာ သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ နှလုံး၊ ကျောက်ကပ်၊ ကင်ဆာ စသည့် ရောဂါအခံရှိသူများ ဖြစ်ကြသည်။
-ရာသီတုပ်ကွေးရောဂါ: သေဆုံးသူ ၅၇ ဦးရှိခဲ့ပြီး အကင်းပါဆုံးမှာ အသက် ၅ နှစ်မှ ၉ နှစ်ကြား ကလေးများဖြစ်ကြသည် (၆၅,၃၀၀ ဦး ကူးစက်ခဲ့)။ A(H1N1) ဗိုင်းရပ်စ် ကူးစက်မှု အများဆုံးဖြစ်သည်။
DDC မှ ပြည်သူများအား မလိုအပ်ဘဲ လူစုလူဝေးနေရာများသို့ သွားရောက်ပါက နှာခေါင်းစည်း (Mask) တပ်ဆင်ကြရန်၊ လက်ကို မကြာခဏ ဆေးကြောကြရန်နှင့် ကာကွယ်ဆေးများ ထိုးနှံထားကြရန် အသိပေး နှိုးဆော်ထားသည်။
Source;The Nation
