ထိုင်းဗဟိုဘဏ်က 2027 တွင် Baht Stablecoin နည်းဥပဒေ ထုတ်မည်၊ ငွေလဲလိုင်စင်သစ် လျှောက်ထားမှု ခေတ္တဆိုင်းငံ့မည်

ထိုင်းဗဟိုဘဏ် (Bank of Thailand) သည် ထိုင်းဘတ်ငွေအခြေပြု Baht Stablecoin ဆိုင်ရာ နည်းဥပဒေများကို ၂၀၂၇ ခုနှစ် မတ်လတွင် ထုတ်ပြန်သွားမည်ဖြစ်ပြီး၊ ၂၀၂၇ ခုနှစ်အတွင်း နိုင်ငံခြားငွေလဲလိုင်စင် (Money Changer) အသစ် လျှောက်ထားမှုများကို ခေတ္တဆိုင်းငံ့ထားမည်ဟု ထုတ်ပြန်လိုက်ပါတယ်။

တရားမဝင် ငွေကြေးစီးဆင်းမှုများနှင့် မူးယစ်ဆေးဝါး ကိစ္စများကို တားဆီးရန်အတွက် ဗဟိုဘဏ်က စည်းမျဉ်းများ စနစ်တကျ ချမှတ်ဆောင်ရွက်ခြင်း ဖြစ်သည်။ဟောင်ကောင်နှင့် စင်ကာပူစံနှုန်းများအတိုင်း စတင်ချိန်၌ အဖွဲ့အစည်း ၁ ခု သို့မဟုတ် ၂ ခုကိုသာ ထုတ်ဝေခွင့်ပြုမည်။ ထုတ်ဝေသည့် ကွိုင်၏ ၁၀၀% နှင့် ညီမျှသော ဘဏ်အပ်ငွေ ရှိရမည်ဖြစ်ပြီး၊ ဘတ်ငွေဖြင့် ၁:၁ လဲလှယ်မှုကို ၁ ရက်အတွင်း ဆောင်ရွက်ပေးရမည် (အတိုးနှုန်း ပေးခွင့်မရှိပါ)။

သုံးစွဲသူတိုင်းကို KYC စနစ်ဖြင့် မဖြစ်မနေ စိစစ်မည်ဖြစ်ပြီး စိစစ်ပြီးသည့် ပိုက်ဆံအိတ်များအကြားသာ ငွေလွှဲခွင့်ပြုမည်ဖြစ်သည်။ ပြည်ပနိုင်ငံသားများနှင့် ခရီးသွားများသည် စိစစ်ထားသည့် ထိုင်းပိုက်ဆံအိတ်များတွင်သာ ကိုင်ဆောင်နိုင်မည်ဖြစ်သည်။

နိုင်ငံခြားငွေလဲ လိုင်စင် စည်းကမ်းသစ်များ

၂၀၂၇ လိုင်စင်သစ် ပိတ်သိမ်းမည်: ၂၀၂၇ ခုနှစ်အတွင်း ငွေလဲလိုင်စင်အသစ် လက်ခံမည် မဟုတ်ဘဲ လက်ရှိလုပ်ကိုင်နေသူများကို စံနှုန်းသစ်အတိုင်း တိုးမြှင့်သွားမည်။

၂၀၂၆ ဒီဇင်ဘာ လျှောက်ထားမှု: လာမည့်နှစ်တွင် လုပ်ငန်းစတင်လိုပါက ယခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၃၀ ရက်အတွင်းလက်ရှိ စည်းမျဉ်းအတိုင်း အမြန်ဆုံး လျှောက်ထားနိုင်သည်။

၂၀၂၈ တွင် ပြန်လည်ဖွင့်လှစ်မည်: ၂၀၂၈ မှစ၍ ပိုမိုတင်းကြပ်သည့် စည်းမျဉ်းသစ်များဖြင့် တစ်နှစ်လျှင် မတ်လနှင့် စက်တင်ဘာလ (၂) ကြိမ်သာ လိုင်စင် လျှောက်ထားခွင့် ပြုတော့မည်ဖြစ်သည်။

ထိုင်းနိုင်ငံ၏ တရားမဝင် စီးပွားရေး (Grey Economy) မှာ ဂျီဒီပီ၏ ၁၃% ခန့် ရှိနေသဖြင့် ဘဏ်များ၌ ဘတ် ၅ သန်းနှင့်အထက် ငွေသားအပ်နှံ/လဲလှယ်မှုများကို စိစစ်သည့် အစီအမံများနှင့်အတူ ယခု ထိန်းချုပ်မှုများကိုပါ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

Source;Thaiger