လမ်ပန်း တောင်တက်လမ်း၌ ကျောက်တုံးကြီး ကားပေါ် ပြုတ်ကျ၊ ယာဉ်မောင်း သေဆုံး

ထိုင်းနိုင်ငံ၊ လမ်ပန်း (Lampang) ခရိုင်၊ သေန် (Thoen) မြို့နယ်ရှိ တောင်တက်လမ်းတစ်ခုတွင် စက်တင်ဘာလ ၈ ရက် မနေ့ညနေပိုင်းက အလေးချိန် ကီလိုဂရမ် ၁၀၀ ခန့်ရှိသည့် ကျောက်တုံးကြီးတစ်တုံး လမ်းဘေး တောင်ကောက်ကမ်းပါးမှ ပြုတ်ကျလာပြီး ပစ်ကပ်ကား၏ ခေါင်မိုးပေါ်သို့ စိုက်ကျခဲ့သဖြင့် အသက် ၄၂ နှစ်အရွယ် ယာဉ်မောင်းဖြစ်သူ ပွဲချင်းပြီး ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။

စက်တင်ဘာ ၈ ရက် ညနေ ၅:၃၀ နာရီခန့်တွင် သေန်မြို့နယ်၊ နာဖုန်း (Na Pong) ကျေးရွာအုပ်စုရှိ လမ်းမကြီး ၁၀၆ (သေန်-လီ လမ်းပိုင်း) ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆရီဆာခက် (Si Sa Ket) ခရိုင်မှ ချင်းမိုင်ခရိုင် ဒွိုင်တောင် (Doi Tao) ရှိ မိမိတို့အိမ်သို့ ပြန်လာသည့် အသက် ၄၂ နှစ်အရွယ် ဆုန်သယာ (Sonthaya) နှင့် အမျိုးသမီးတစ်ဦး မောင်းနှင်လာစဉ် မိုးရွာသွန်းထား၍ လမ်းချောနေသဖြင့် ကားမှာ ထိန်းမရဘဲ လမ်းကွေ့တွင် ချော်ထွက်သွားခဲ့သည်။

အခြား ခရီးသွားများက ကားအား လမ်းဘေးသို့ ပြန်လည် တွန်းတင်ပေးခဲ့ပြီးနောက် စုန်းသယာ က ခရီးဆက်ရန် ပြင်ဆင်နေစဉ် လမ်းဘေး ကောက်ကမ်းပါးပေါ်မှ ကီလိုဂရမ် ၁၀၀ နီးပါး အလေးချိန်ရှိ ကျောက်တုံးကြီး ပြုတ်ကျလာပြီး ယာဉ်မောင်းထိုင်ခုံ ခေါင်းမိုးပေါ်သို့ တိုက်ရိုက် ရိုက်ခတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရိုက်ခတ်မှုကြောင့် ယာဉ်မောင်းဖြစ်သူ စုန်းသယာ မှာ ကားခေါင်းမိုး ပိမိပြီး အခင်းဖြစ်နေရာတွင်ပင် ကွယ်လွန်သွားခဲ့သည်။ ဘေးထိုင်ခုံတွင် လိုက်ပါလာသည့် အသက် ၄၀ အရွယ် အမျိုးသမီးမှာမူ ကြီးမားသော ဒဏ်ရာရရှိခြင်းမရှိဘဲ သေကံမရောက် ကံကောင်းစွာ လွတ်မြောက်ခဲ့သည်။

သေန်မြို့မရဲစခန်းနှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာပြီး သေဆုံးသူ၏ ရုပ်အလောင်းအား သေန်ဆေးရုံ သို့ အသေအချာ စစ်ဆေးနိုင်ရေး ပို့ဆောင်ပေးခဲ့ပြီး သာသနာရေးထုံးတမ်းစဉ်လာအတိုင်း ဆောင်ရွက်နိုင်ရန် မိသားစုထံ အကြောင်းကြားထားသည်။

Source;Thaiger