ထိုင်းနိုင်ငံ အာကာသနည်းပညာနှင့် ဂျီအိုအင်ဖော်မက်တစ် ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (GISTDA) ၏ “Check Nam” အက်ပလီကေးရှင်း ဂြိုဟ်တုဓာတ်ပုံနှင့် မြေပြင်အချက်အလက် စိစစ်ချက်များအရ ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသများ၌ ရေကြီးရေလျှံနိုင်သည့် ဧရိယာ စတုရန်းကီလိုမီတာ ၃,၉၀၀ ကျော် (ဧက ၅ သိန်းခွဲကျော်) အထိ ကျယ်ပြန့်လာနေကြောင်း အရေးပေါ် သတိပေးလိုက်ပါတယ်ဗျာ။
ဂြိုဟ်တုပုံရိပ်များအရ စူခိုထိုင်း (Sukhothai)၊ ဖစ်ချဘွန်း (Phitsanulok)၊ ဖရဲ (Phrae)၊ နန်း (Nan)၊ ချင်းရိုင် (Chiang Rai) နှင့် ဖယောင်း (Phayao) ခရိုင်များရှိ မြေနိမ့်ပိုင်းများနှင့် ရေဆိုးထုတ်စနစ် နီးစပ်သည့် ဧရိယာများတွင် အဓိက ကျရောက်နေသည်။
ရေကြီးရေလျှံမှု အန္တရာယ်သည် ခရိုင်နယ်နိမိတ်များကျော်လွန်၍ ဥတ္တရဒိထ် (Uttaradit)၊ ဖိချစ် (Phichit) နှင့် ကမ်ဖိုင်ဖက် (Kamphaeng Phet) ခရိုင်အချို့အထိ ဆက်လက်ကျယ်ပြန့် လာနေသည်။
GISTDA ၏ အချိန်နှင့်တပြေးညီ Update ပြုလုပ်ပေးနေသော မြင့်မားသည့် ဂြိုဟ်တုနည်းပညာကြောင့် ရေစီးကြောင်း ဦးတည်ရာနှင့် ရေပြင်ကျယ်ပြန့်လာမှုကို တိကျစွာ ခန့်မှန်းနိုင်သဖြင့် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ဒေသခံများအနေဖြင့် အောက်ပါအတိုင်း ကြိုတင်ပြင်ဆင်ကြရန် တိုက်တွန်းထားပါသည်။
အနီရောင်နှင့် အဝါရောင်အဆင့် သတ်မှတ်ထားသော ဧရိယာအတွင်းရှိ ဒေသခံများသည် အဖိုးတန်ပစ္စည်းများ၊ မော်တော်ယာဉ်များနှင့် အိမ်ထောင်စု ပစ္စည်းများကို ကုန်းမြင့်ပိုင်းသို့ ကြိုတင်ရွှေ့ပြောင်းထားရမည်။
ဘေးအန္တရာယ် ကာကွယ်ရေး အာဏာပိုင်များ၏ အရေးပေါ် ထုတ်ပြန်ချက်များကို အနီးကပ် နားစွင့်ပြီး “Check Nam” အက်ပလီကေးရှင်းမှတစ်ဆင့် ရေဘေးအခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်ကြရန် အသိပေးထားသည်။
Source;Khaosod
ကျွန်တော်တို့ Mingalar News ကိုအစဉ်အမြဲအားပေးနေသူများအနေနဲ့ Facebook နှင့် Tik Tok မှာသာမက Telegram နှင့် Viber မှာပါ သတင်းများကို အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါပြီခင်ဗျ။
Viber Link
https://invite.viber.com/?g2=AQB8u%2BpSZLE1p1bROaOOXXrJ0xZ8ZprJpFotjgSF2PcAvXYaicM8uipepVOMVyeM
Telegram Link
https://t.me/mingalarnews
#Mingalarnews #ထိုင်းရောက်ရွှေမြန်မာ #GISTDA #CheckNam #ThailandFloods #NorthernThailand #Sukhothai #Phitsanulok #Phrae #Nan #ChiangRai #Phayao #ထိုင်းသတင်း #ရေကြီးရေလျှံ
