ထိုင်းနိုင်ငံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ညစ်ညမ်းမှု ထိန်းချုပ်ရေး ဌာန (PCD) သည် နန်းမြစ်ဝှမ်းဒေသအတွင်း ရေကြီးမှု ကြောင့်ဖြစ်ပေါ်လာသည့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုများကို ကိုင်တွယ်ရန် စက်ရုံ/စခန်းတစ်ခု ဖွင့်လှစ်ခဲ့ပြီး ရေဘေးသင့်ခဲ့သည့် ပူအာ (Pua) မြို့နယ်တွင် အမှိုက်တန်ချိန် ၃,၈၀၀ ခန့် ထွက်ရှိလာကြောင်း ထုတ်ပြန်ခဲ့ပါတယ်ဗျာ။
နန်းခရိုင် အာဏာပိုင်များသည် အမှိုက်များကို စွန့်ပစ်ရန် စတုရန်းမီတာ ၄၀,၀၀၀ (၄ ဟက်တာ) အကျယ်အဝန်းရှိ မြေနေရာကို ပြင်ဆင်ထားပြီး ၁၀ ရက်အတွင်း ရေကြီးမှုကြောင့် ထွက်ရှိလာသည့် အမှိုက်များအားလုံးကို အပြီးရှင်းလင်းရန် ပစ်မှတ်ထားဆောင်ရွက်နေသည်။
PCD ညွှန်ကြားရေးမှူးချုပ် စူရင် ဝိုရာကစ်သမ်ရုန်း၏ အဆိုအရ ဓာတ်ဆီဆိုင် ၈ ဆိုင်၊ ဟိုတယ် ၁၁ ခုနှင့် စေတနာဆိုင်ကြီး ၂ ခုတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဓာတုပစ္စည်းနှင့် လောင်စာဆီများ ယိုစိမ့်မှုမရှိစေရန် ကြိုတင်ကာကွယ်ထားသည်။
နန်းစည်ပင်သာယာနယ်နိမိတ်အတွင်း ပစ္စည်းများကို ကုန်းမြင့်သို့ ကြိုတင်ရွှေ့ပြောင်းနိုင်ခဲ့၍ ထွက်ရှိသည့် အမှိုက်တန်ချိန် ၆၀၀ ခန့်သာရှိပြီး ၁၆ ရိုင်ခန့်ကျယ်သည့် အမှိုက်ပုံ၌ စနစ်တကျ စွန့်ပစ်လျက်ရှိသည်။
သုခွန်ထိုင်းခရိုင်၊ ဆီဆတ်ချနလိုင်းမြို့နယ်ရှိ ယုံ (Yom) မြစ်ရေသည် စတင်ကျဆင်းနေပြီဖြစ်သလို ဖစ်ချဘွန်းခရိုင်၊ လုမ်ကာအိုမြို့နယ်ရှိ ပါးဆက် (Pa Sak) မြစ်ရေသည် မြင့်တက်နေဆဲဖြစ်သော်လည်း လျှံကျခြင်းမရှိသေးပေ။
ရေကြီးပြီးနောက် ကျန်ရစ်သည့် ရေပုပ်များ၊ ဓာတုပစ္စည်းများ၏ အန္တရာယ်မှ ကာကွယ်ရန် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း၍အစုအဖွဲ့လိုက် သန့်ရှင်းရေးပြုလုပ်သည့် Big Cleaning Day အစီအစဉ်များကို လုပ်ဆောင်သွားမည်ဖြစ်သည်။
Source;ThaiPBSWorld
