မဲဆောက်မှတစ်ဆင့် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၁၁ ဦးအား ချွန်ပူရီသို့ ပို့ဆောင်စဉ် အယုဒ္ဓယ၌ ဖမ်းဆီးရမိ

တာခ် (Tak) ခရိုင်၊ မဲဆောက် (Mae Sot) မြို့နယ်ရှိ သဘာဝ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ချွန်ပူရီ (Chonburi) ခရိုင်သို့ သွားရောက်မည့် မြန်မာနိုင်ငံသား ၁၁ ဦးကို အယုဒ္ဓယ အဝေးသင်ရဲတပ်ဖွဲ့နှင့် လဝက ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဘန်းပါအင်း (Bang Pa-in) မြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့ပါတယ်။

တရားမဝင် တင်ဆောင်လာသည့် သံသယဖြစ်ဖွယ် မော်တော်ယာဉ် ၂ စီးအား တားဆီးစစ်ဆေးခဲ့ရာ ယာဉ်မောင်း မြန်မာနိုင်ငံသား ကိုထက်နှင့် ဝေယံထွေး အပါအဝင် တရားမဝင် မြန်မာလုပ်သား ၉ ဦး၊ စုစုပေါင်း ၁၁ ဦး (အမျိုးသား ၆ ဦး၊ အမျိုးသမီး ၅ ဦး) ဖမ်းဆီးရမိခဲ့သည်။

ယာဉ်မောင်း ၂ ဦးက ကံဖဲင်ဖတ် ခရိုင်မှတစ်ဆင့် ဆုန်ပူရီသို့ ပို့ဆောင်ပေးရန် Messenger မှတစ်ဆင့် ငွေကြေးဖြင့် ငှားရမ်းခံရခြင်းဖြစ်ကြောင်း ဝန်ခံထားသည်။ မြန်မာလုပ်သား ၉ ဦးကလည်း မဲဆောက် သဘာဝလမ်းကြောင်းမှ ဝင်ရောက်လာခြင်းဖြစ်ပြီး ပွဲစားခ တစ်ဦးလျှင် ဘတ် ၁၂,၀၀၀ မှ ၁၅,၀၀၀ အထိ ပေးဆောင်ခဲ့ရကြောင်း ထွက်ဆိုခဲ့ကြသဖြင့် ဘန်းပါအင်း ရဲစခန်းသို့ ပို့ဆောင်ကာ ဥပဒေအတိုင်း အရေးယူဆောင်ရွက်လျက် ရှိပါတယ်။

Source;ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี