DDC ညွှန်ကြားရေးမှူးချုပ် Dr. Montien Kanasawat ၏ ပြောကြားချက်အရ ဤဗိုင်းရပ်စ်ကို မြင်းခွာပုံလင်းနို့ (Horseshoe bats) များတွင် တွေ့ရှိခဲ့ခြင်းဖြစ်သော်လည်း လက်ရှိအချိန်အထိ လူသို့ကူးစက်မှု မရှိသေးဘဲ အများပြည်သူအတွက် စိုးရိမ်ရန် အခြေအနေမရှိကြောင်း သိရပါတယ်။
လေ့လာမှုများအရ ယခုတွေ့ရှိသည့် ဗိုင်းရပ်စ်သည် COVID-19 ထက် ကူးစက်ရန် ပိုမိုခဲယဉ်းပြီး ပြင်းထန်သော ဖျားနာမှုကို ဖြစ်စေနိုင်ခြေ နည်းပါးပါတယ်။လက်ရှိအသုံးပြုနေသည့် COVID-19 ကာကွယ်ဆေးများသည်လည်း ဤဗိုင်းရပ်စ်ကြောင့် ပြင်းထန်စွာ ဖျားနာခြင်းကို ကာကွယ်ပေးနိုင်ဆဲ ဖြစ်ပါတယ်။
ဤတွေ့ရှိမှုသည် ထိုင်းနိုင်ငံ၏ တိရစ္ဆာန်နှင့် လူသားများအကြား ရောဂါစောင့်ကြည့်ရေးစနစ် (One Health Approach) ကောင်းမွန်မှုကို ပြသနေခြင်းဖြစ်ပြီး နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်။ လင်းနို့နှင့် အခြားတောရိုင်းတိရစ္ဆာန်များကို တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရန်၊ တိရစ္ဆာန်အညစ်အကြေးရှိသည့် နေရာများကို သတိထားရန်နှင့် အသားကို သေချာစွာ ကျက်အောင်ချက်ပြုတ်စားသောက်ရန် တိုက်တွန်းထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်အပြင် ထိုင်းကျန်းမာရေးဌာနသည် သင်္ကြန်ကာလအပြီးတွင် မျောက်ကျောက်ရောဂါ (Mpox) ကိုလည်း အနီးကပ် စောင့်ကြည့်နေပါတယ်။ ၂၀၂၆ ခုနှစ်အတွင်း မေလ ၃ ရက်အထိ အတည်ပြုလူနာ ၄၈ ဦး ရှိခဲ့ပြီး ရောဂါပျိုးချိန်အတွင်း လူနာသစ်များ ထပ်မံတွေ့ရှိလာနိုင်ခြေ ရှိနေပါတယ်။
Source;Thaiger
