ဤစီမံကိန်းသည် ကမ္ဘာ့ကုန်သွယ်ရေးတွင် အရေးပါလှသည့် မလက္ကာရေလက်ကြား (Strait of Malacca) ကို အသုံးမပြုဘဲ ကုန်စည်များကို အက်ဒမန်ပင်လယ် (Andaman Sea) နှင့် ထိုင်းပင်လယ်ကွေ့ (Gulf of Thailand) ကြား အလွယ်တကူ သယ်ယူပို့ဆောင်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ပါတယ်။

စီမံကိန်း၏ သမိုင်းကြောင်းနှင့် ပြောင်းလဲလာမှု
၁။ အစပြုခြင်း (၂၀၀၁ – ၂၀၀၅): ဝန်ကြီးချုပ်ဟောင်း ထပ်ဆင်လက်ထက်တွင် စတူးလ် (Satun) နှင့် ဆောင်ခလာ (Songkhla) ကို ဆက်သွယ်ရန် စတင်လေ့လာခဲ့သော်လည်း အကောင်အထည်မပေါ်ခဲ့ပါ။
၂။ လမ်းကြောင်းအသစ် (၂၀၁၈ – လက်ရှိ):ဝန်ကြီးချုပ် ပရာယုဒ် လက်ထက်တွင် လမ်းကြောင်းကို ရနောင်း-ချွန်ဖွန် သို့ ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ ၃။ လက်ရှိအခြေအနေ (၂၀၂၆): ဝန်ကြီးချုပ် Anutin Charnvirakul အစိုးရသည် ကမ္ဘာ့ဘူမိနိုင်ငံရေး မတည်ငြိမ်မှုများ (အထူးသဖြင့် အရှေ့အလယ်ပိုင်းတင်းမာမှု) ကြောင့် ဤစီမံကိန်းကို အရေးပေါ်ပြန်လည်တွန်းအားပေးနေပါတယ်။
OTP (သယ်ယူပို့ဆောင်ရေးနှင့် ယာဉ်ကြောမူဝါဒရုံး) ၏ ခန့်မှန်းချက်အရ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုမှာ ဘတ် ၉၉၀ ဘီလီယံ ခန့် ရှိမှာဖြစ်ပြီး အဆင့် ၃ ဆင့်ဖြင့် ခွဲခြားလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
▪️Phase 1 (၂၀၃၀-၂၀၃၁): ဘတ် ၆၁၇ ဘီလီယံ (အဓိက အခြေခံအဆောက်အအုံများ)
▪️Phase 2 (၂၀၃၂-၂၀၃၄): ဘတ် ၁၇၄ ဘီလီယံ
▪️Phase 3 (၂၀၃၅-၂၀၅၃): ဘတ် ၂၀၅ ဘီလီယံ
စီမံကိန်းတွင် “One Port Two Sides” မူဝါဒအရ ရနောင်းနှင့် ချွန်ဖွန်ရှိ ဆိပ်ကမ်းနှစ်ခုစလုံးကို ကုမ္ပဏီတစ်ခုတည်းက စီမံခန့်ခွဲမည့် နှစ် ၅၀ သက်တမ်းရှိ PPP စာချုပ်ဖြင့် လေလံတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။
ရနောင်း (Laem Ao Ang) နှင့် ချွန်ဖွန် (Laem Riw) တို့တွင် တည်ဆောက်မည်ဖြစ်ပြီးအမြန်လမ်းမကြီး (Motorway)၊ ရထားလမ်း နှင့် အဓိကကျသော ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ ပါဝင်မည်ဖြစ်သည်။ အထူးစီးပွားရေးဇုန်အနေဖြင့်: တောင်ပိုင်းစီးပွားရေးစင်္ကြံ (SEC) အဖြစ် သတ်မှတ်ကာ ရင်းနှီးမြှုပ်နှံသူများကို အခွန်ကင်းလွတ်ခွင့်များ ပေးအပ်မည်။
Source;The Nation
